*ဒေါက်~ဒေါက်*
"ဝင်ခဲ့ပါ"
Soekjin အလုပ်လုပ်နေရင်း ရုံးခန်းတံခါးလာခေါက်တာကြောင့် အတွင်းရေးမှုး အမကြီးမှန်သိလိုက်သည်။"သူဌေးလေး၊ အပြင်မှာသူဌေးနဲ့တွေ့ချင်လို့ဆိုပြီးလူတစ်ယောက်ရောက်နေတယ်ရှင့်"
"ဝင်လာခိုင်းလိုက်လေ၊ဘယ်သူလည်းမသိဘူး"
"ဟုတ်ကဲ့၊ ခွင့်ပြုပါဦးရှင့်"
ခဏကြာတော့အခန်းထဲဝင်လာတဲ့လူတစ်ယောက်၊ စာရင်းစစ်နေတာ အာရုံရောက်နေတာနဲ့ မကြည့်မိသော်လည်းဝင်လာမှန်းတော့သတိထားမိသည်။
"ဟုတ်ကဲ့ ခဏလေးပါဗျာ့ ထိုင်ခုံမှာထိုင်စောင့်ပေးပါ။"
ခဏနေတော့ ဘေးနားကိုတိုးလာတဲ့ခပ်နွေးနွေးအငွေ့အသက်။"လာ၊ ခဏနားဦး"
"ဟင်၊ Joon!"
"အင်း၊ ခဏနားလိုက်ဦး၊ မင်းကိုကြည့်ရတာမကြာခင်လဲကြတော့မယ့်ပုံနဲ့"
"ငါရပါတယ်"
"လာစမ်းပါ"
ခေါင်းကိုဆွဲ၍သူ့ပုခုံးပေါ်တင်ပေးသော Namjoon၊ အိပ်မရတာကြာတာကြောင့်လား၊ ဘာကြောင့်လည်းတော့မသိ၊ ထိုခပ်နွေးနွေးကိုယ်ငွေ့ကြောင့် ဆစင်းကျလာသော မျက်ဝန်းတွေကိုကျေးဇူးတင်တယ်။ ငါ Namjoon ရဲ့ပခုံးပေါ်မှာခဏအိပ်ဖို့ အကြောင်းပြချက်တစ်ခုဖြစ်ပေးလို့။
"ရုန်းမယ်ထင်ထားတာ"
"ခဏလောက်မှေးချင်တယ် Joon၊ ငါခဏလောက်အားလုံးမေ့ထားပြီးခဏလောက်ရိုးသားချင်တယ်"
"အိပ်လိုက်ခဏလောက် ၊ငါမင်းအလုပ်တွေလုပ်ပေးထားမယ်"
နှာဖူးကိုငုတ်နမ်းသော Joonကြောင့် မနက်တည်းကအေးနေသောခြေဖျားလက်ဖျားများပင်နွေးသွားသလို၊ တဖြည်းဖြည်းနဲ့ နစ်မြုတ်လာတဲ့ Joonရဲ့ ရင်ခွင်ထဲကို ပိုတိုမိသည်။
'ခဏလောက်ရိုးသားပါရစေ၊ ငါမင်းကိုလွမ်းနေတာ'
ပခုံးပေါ်မှာအိပ်နေရင်း ရင်ခွင်ထဲပို၍တိုးဝင်လာသော အကောင်ငယ်လေးအား နေရခက်မည်ဆိုး၍ ပွေ့ချီပြီး ပေါင်ပေါ်ထိုင်ကာ ရင်ဘက်အားမှီစေလျက်၊ ဆိုဖာပေါ်တွင်ထိုင်လိုက်သည်။

YOU ARE READING
Love of red lines
FanfictionNamjoon၊-အမှန်တော့ငါတို့တွေက မဆုံသင့်တဲ့မျဉ်းပြိုင်နှစ်ကြောင်းပါ။ ချစ်ခဲ့တယ်Soekjinမင်းမသိခဲ့ပါဘူး။ Soekjin- ငါ့ရဲ့မျက်ဝန်းတွေကိုမင်းမှသေချာမကြည်ခဲ့ပဲ။ ဖွင့်မပြောခဲပေမယ့် မင်းသိခဲ့သင့်တယ်။ ချစ်တယ်၊မင်းမသိနိုင်ပါဘူး။