တောင်အတက်အဆင်း၊ တချို့အကွေ့အကောက်များမှာ လွန်စွာအန္တရာယ်များလှသည်။ ဘေးတစ်ဖက်တွင်ချောက်ကမ်းပါးများသာရှိသည်။ သို့မြင်နေရသည့်မြင်ကွင်းမှာများမှာ ပါရ၎ီပါတဲ့ ပန်ချီဆရာ၏ လက်ရာမြောက်ပန်ချီကားလို အရောင်အသွေးစုံလင်လှသည်။
တောင်တက်လမ်းကို ခဏလောက်မောင်းပြီးတော့ ပြေပြစ်လာသော လမ်းသွယ်လေး။ တောင်ပေါ်လမ်းဖြစ်သော်လည်းဂမုဂဓစ် တွေမရှိ။ ရုတ်တရက်ထွက်ပေါ်လာသော BTS Life goes on နှင့် ဘေးတစ်ဖက်မှာ မြင်နေရတဲ့ တောတောင်ရှုခင်းတွေဟာ လိုက်ဖတ်ညီလှသည်။
Namjoon ဘေးက သီချင်းလိုက်ငြီးနေတဲ့ လူသားအားကြည့်မိတော့ ပြီးပြည့်စုံလွန်းလှသည်။ ကားပြတင်းပေါက်ချထားတာကြောင့် တိုးဝေ့လာသော လေနှင့်အတူ မွှေးရနံ့သင်းသင်းလေးသည် သ်းငယ်သုံးတဲ့ရေမွှေးနံ့လည်းဖြစ်နိုင်သလို၊ ရေမွှေးမကူပဲမွှေးတဲ့ သည်းငယ်ရဲ့ ကိုယ်သင်းနံ့လေးလည်းဖြစ်နိုင်သေးသည်။
"Joon ! ငြောင်းလာရင်ပြောနော် ကိုယ်တစ်လှည့်မောင်းပေးမယ်"
"မငြောင်းပါဘူးသည်းငယ်ရဲ့ ၊ ဒီလမ်းဆုံးရင် တံခါးပိတ်ထားနော်၊ ဖုန်ထတဲ့လမ်းရောက်တော့မယ်"
"အွန်း"
ခေါင်းလုံးလုံးလေးကို ခပ်ဆတ်ဆတ်လေးငြိမ့်ပြတဲ့သည်းငယ်သည် ပြုစားနိုင်လွန်းသည်။
ပြောပြီးသည်နှင့်ဘယ်လောက်မှမကြာလိုက်။ ကတ္တရာလမ်းလေးဟာ လမ်းအကွေ့မှာကုန်ဆုံးသွားခဲ့သည်။ လမ်းအကွေ့နေရာမှာတင် မြေနီလမ်းခပ်ကျဥ်းကျဥ်းလေးပေါ် ဘီးစတင်လှိမ့်လာနဲ့သည်။ ေဆာင်းအကုန်နွေအကူးကာလဖြစ်၍ ဖုန်ဆိုသည်အလူးလူးအလိမ့်လိမ့်ပင်။ ထူထဲလွန်းသောဖုန်လုံးများသည် ကား၏ပြင်တင်းပေါက်မြင်ကွင်းများအားလုံးကိုဖုံးဖိထားသည်။ ခပ်ရေးရေးသာမြင်နေရသော လမ်းသွယ်လေးကို Namjoon ခပ်ဖြေးဖြေးလေးသာ အလိုက်သင့်မောင်းလာခဲ့သည်။
10 မိနစ်လောက် ကားမောင်းပြီး သည်နှင့် လမ်သေးသေး လမ်းချိုးလေးထဲသို့ကားအားအရှိန်သတ်၍ ကွေ့လိုက်ပြီးသည်နှင့်လမ်းဘေးကပ်၍ရပ်လိုက်သည်။
![](https://img.wattpad.com/cover/278293027-288-k836274.jpg)
YOU ARE READING
Love of red lines
FanfictionNamjoon၊-အမှန်တော့ငါတို့တွေက မဆုံသင့်တဲ့မျဉ်းပြိုင်နှစ်ကြောင်းပါ။ ချစ်ခဲ့တယ်Soekjinမင်းမသိခဲ့ပါဘူး။ Soekjin- ငါ့ရဲ့မျက်ဝန်းတွေကိုမင်းမှသေချာမကြည်ခဲ့ပဲ။ ဖွင့်မပြောခဲပေမယ့် မင်းသိခဲ့သင့်တယ်။ ချစ်တယ်၊မင်းမသိနိုင်ပါဘူး။