လေအေးအေးက ပါးပေါ်ကိုခပ်ဖြည်းဖြည်းလေး နူးညံ့စွာတိုက်ခတ်လာသည်။ ဖျားနေသောနုံးချိ့နေသော နာကျင်နေသည့် ခန္ဓာကိုယ်ကိုဝရံတာသံဘောင်အေးအေးအားမှီ၍အားပြုရပ်နေသည်။ အေးတယ်။ အရင်နေ့တွေထက်။ တဖြည်းဖြည်းမှေးကျလာတဲ့မျက်ဝန်းစုံနဲ့အတူ တစ်စုံတစ်ယောက်ုမျှော်နေမိသည်။
' သည်းငယ်ပြန်မလာသေးဘူး။Kim Namjoon မင်းကလည်းတော်တော်အရူးထတယ်။ မင်းကိုဆိုအမုန်းကြီးမုန်းနေတဲ့ သူကိုမှသည်းငယ်တဲ့၊တကယ်မရယ်ရဘူး'
အတွင်းစိတ်ထဲအတွေးတွေဆူညံနေမည့်ခန္ဓာက်ုယ်တစ်ခုလုံးလှုပ်ရှားနိုင်စွမ်းမရှိအောင်အားတွေစုတ်ယုတ်နေပါသည်။
'ဖျားယုံနဲ့မသေနဲ့Kim Namjoonမြန်မြန်ထ'
စိတ်သွားရာနောက်ပါမလာတဲ့ခန္ဓာကိုယ်ကိုပြန်တွေးကာပျော့ညံ့မိသည်။အခုဝရံတာကကြမပြင်ပေါ်မှာလှဲလျက်အနေအထားနှင့်မဟုတ်လား။ အိမ်မှာလည်းဘယ်သူမှမရှိဘူး။
ရှိသမျှအားအကုန်စုပြီးထမည်ရှိသေးသော်လည်းခြံထဲကကားသံလေးကိုကြားပြီးအားတက်မိပါသည်။တစ်ယောက်ယောက်.....
"Yarrr Kim Namjoon! သေနေတာလား၊ ဟေ့ကောင်၊ထဦး၊ ဆေးရုံကားခေါ်ရမယ် အမေရေကြောက်လိုက်တာ"
Hoesok သူငယ်ချင်းလုပ်သူကိုအလုပ်ကိစ္စတိုင်ပင်စရာရှိလို့ကောက်လာကာမှအကိုတော်ကဝရံတာမှာတစ်ယောက်တည်းမေ့လဲနေလေရဲ့။တော်ပါသေးကဲ့အချိန်မှီဆေးရုံကားခေါ်ပြီးဆေးရုံရောက်လာလို့၊မဟုတ်ရင်Kim Namjoonဘဝ Wheelchair ပေါ်မှာအဆုံးသတ်သွားနိုင်သည်။ ဖျားနေတာကိုရှည်ကြောထပြီးဝရံတာမှာထွက်နေတာကို။
ဆေးရုံရောက်ပြီးခဏကြာတော့၊ Namjoon အိမ်ကိုဖုန်းဆက်ရမလား၊ Soekjinဆီကိုအရင်ဆက်ရမလားဝေခွဲမရ၊ Soekjinတစ်ယောက်နေမကောင်းတဲ့သူကိုပြစ်ထားလိမ့်မယ်လို့၊ တွေးတောင်မတွေးဖူးပေ။
"Hello၊ Soekjin *$#&*##$ဆေးရုံကိုလာခဲ့"
"ဘာကိစ္စ"
"Namjoonကဆေးရုံရောက်နေတာ စိတ်ပူစရာတော့မလိုတော့ဘူးကံကောင်းလို့မဟုတ်ရင်လေဖြတ်သွားနိုင်တယ်"
Soekjinတစ်ယောက်ပြာယာတွေခက်ပြီးစကကိာပြန်ပင်မဖြေနိုင်၊ မားတို့သာသိရင်သေပြီ Kim Soekjin ရေ၊

DU LIEST GERADE
Love of red lines
FanfictionNamjoon၊-အမှန်တော့ငါတို့တွေက မဆုံသင့်တဲ့မျဉ်းပြိုင်နှစ်ကြောင်းပါ။ ချစ်ခဲ့တယ်Soekjinမင်းမသိခဲ့ပါဘူး။ Soekjin- ငါ့ရဲ့မျက်ဝန်းတွေကိုမင်းမှသေချာမကြည်ခဲ့ပဲ။ ဖွင့်မပြောခဲပေမယ့် မင်းသိခဲ့သင့်တယ်။ ချစ်တယ်၊မင်းမသိနိုင်ပါဘူး။