" အွန်း~Joon ! "
"မောသွားပြီလားသည်းငယ်"
"သူခိုးလေး"
"ဟ ဟ"
ထိုအသံပင်၊ ရင်ခုန်သံအား မြန်ဆန်စေသော ရယ်သံ။ ထိုအသံပင် စိတ်နှလုံးကိုနွေးထွေးစေသည်။ ထိုအသံသည်ပင် မိမိ မြတ်နိုးလွန်းသော Joon ပါးပေါ်က မြင်ရခဲလှသော ပါးချိုင့်နက်နက်တို့အားနစ်ဝင်စေသည်။ ထိုပါးချိုင့်တို့သည်ပင်လျှင် ကျွန်တော်ဆိုသော Kim Soekjin အား မြင်တွေ့နေရသော အကြင်သူအားမြတ်နိုးဖို့အကြောင်းဖြစ်လာခဲ့သည်။
"သည်းငယ် ကိုယ့်ကို ဘာလို့အဲ့လောက်ငေး နေတာလည်း?"
" Joon ငါတို့တကယ်ဖြစ်နိုင်ရဲ့လား?"
" ဘာဖြစ်ချင်လို့ဖြစ်နိုင်ရဲ့လားမေးတာလည်း သည်းငယ်"
" ငါမသိတော့ပါဘူး Joon ရယ်"
" သည်းငယ် ! ကိုယ့်ကိုကြည့်
သည်းငယ် ကိုယ့်ကိုချစ်လား ကိုယ်မသိဘူး၊ ဒါပေမယ့် ကိုယ်သည်းငယ်ကို ချစ်တယ်၊
သည်းငယ် ပတ်ဝန်းကျင် ကပြောမှာကြောက်ရင် ပတ်ဝန်ကျင်မှာမနေနနဲ့ ကိုယ်ရင်ခွင်ထဲမှာနေ
သည်းငယ် တက်လမ်းတွေ ပိတ်မှာကြောက်ရင် ကိုယ့်ကိုအားကိုး ကိုယ်သည်းငယ်အတွက်လမ်းဖောက် ပေးမယ်
သည်းငယ်ဘာပဲဖြစ်ချင်နေဖြစ်ချင်နေ၊ ဘာပဲလိုချင်နေ လိုချင်နေ ကိုယ့်နာမည်ကိုသာတလိုက် ကိုယ်ဖြစ် အောင်လုပ်ပေးမယ်
တစ်ခုပဲ၊ သည်းငယ်ရဲ့မာနလေးနည်းနည်းလျော့ပါ၊ သည်းငယ် ကိုယ့်ကိုမှီခိုပါ၊ ကိုယ်တစ်ယောက်ထဲဆီမှာ သည်းငယ်ရဲ့နူးညံ့တဲ့ပုံစံအမှန်ကို ပြလို့ရပါတယ်သည်းငယ်"
" joon !"
မိမိနာမည်ခေါ်၍ မျက်ရည်အဝိုင်းသားနဲ့သည်းငယ်ကို ငေးနေမိသည်။ လှရက်လိုက်တာ ငယ်ရယ်။
ပြိုတော့မယ့်မိုးလို ငိုတော့မယ့် သည်းငယ်ရဲ့ မျက်ဝန်းအိမ်နားက အရည်ကြည်အချို့ကို တယုတယသုတ်ပေးမိသည်။ မငိုပါနဲ့သည်းငယ် ကိုယ်ရင်တွေနာတာမခံစားနိုင်ဘူး။
"တိတ် တိတ် ၊ ကိုယ့်ချစ်သူကကလေးလေးကြနေတာပဲ"
ရင်ခွင်ထဲထွေးပွေ့ပါသော Joon ၊ မို့မောက်နေသော ရင်ဘက်ကြွက်သားအငို့ကြောင့်အငိုတိတ်ကာ ကြည်စားချင်စိတ်တဖွားဖွား သာပေါ်ပေါက်လာခဲ့သည်။ နွေးလိုက်တဲ့ရင်ခွင်ကြီး။
YOU ARE READING
Love of red lines
FanfictionNamjoon၊-အမှန်တော့ငါတို့တွေက မဆုံသင့်တဲ့မျဉ်းပြိုင်နှစ်ကြောင်းပါ။ ချစ်ခဲ့တယ်Soekjinမင်းမသိခဲ့ပါဘူး။ Soekjin- ငါ့ရဲ့မျက်ဝန်းတွေကိုမင်းမှသေချာမကြည်ခဲ့ပဲ။ ဖွင့်မပြောခဲပေမယ့် မင်းသိခဲ့သင့်တယ်။ ချစ်တယ်၊မင်းမသိနိုင်ပါဘူး။