"Joon!"
" အင်းသည်းငယ်"
"နေ့လယ်က အိမ်သာထဲမှာဘာလုပ်နေတာလည်း?"
"ဟင်!၊ သည်းငယ်ကွာဆိုးလိုက်တာ သိရဲ့သားနဲ့"
"ဟဟ၊ Joon ကွာ"
"ကောင်ဆိုးလေးကိုအပြစ်ပေးရမယ်"
"ဟ....ဟ... Joon ယားတယ်လို့၊ ခဏနေရေချိုးရင် အဲ့ မုတ်ဆိတ်တွေရိတ်ပြစ်မယ်" Soekjin မိမိပါးအား စူးခနဲကျလာသော Joon ပါးပေါ်က နှုတ်ခမ်းမွှေးစူးစူးအား ရိတ်ပြစ်မည်ဟုကြိမ်းဝါးလိုက်သည်။
"အ ဟ မောင် ယားတယ် တော်တော့ကွာ"
"သည်းငယ်၊ နောက်ဆို အမြဲအဲ့လိုပဲခေါ်တော့"
"ဟာ၊ ခုဏပြောတော့မခေါ်နဲ့ဆို၊ မောင်ကအမျိုးမျိုးပဲ"
"သည်းငယ်သိလား၊ သည်းငယ်မောင်လို့ခေါ်လိုက်တာနဲ့ ကိုယ့်ညီလေးကငေါက်ငနဲပဲ"
"ဟာ မောင်ကနှာဘူးပဲ"
"သည်းငယ်!၊ မောင်နဲ့ သည်းငယ်ညားတာဘယ်လောက်ကြာပြီလည်း?"
"မမှတ်မိဘူး" Soekjin ခပ်နောက်နောက် ပြောသော စကားကြောင့် Namjoon မျက်ခုံးနှစ်ဖက်တွန့်ချိုး၍ ခပ်စူးစူးသာကြည့်နေသည်။
"စတာပါမောင်ရယ်၊ မှတ်မိပါတယ်၊ ဒါပေမယ့်မပြောဘူး၊ မောင်နေရင်ပြန်မှတ်မိသွားမှာဆိုးလို့"
"အွန်းပါ၊ သည်းငယ်သဘော၊ မောင်နဲ့သည်းငယ်တအိမ်ထဲတူတူ နေနေသမျှကာလပတ်လုံး မောင်စောင့်ထိန်းပြီး နေနေရတာ သည်းငယ်သိလား"
"ဘာလို့စောင့်ထိန်းနေတာလည်း?"
"သည်းငယ်မုန်းသွားမှာစိုးလို့ ၊ မောင်သိတာပေါ့ ကုိယ်သိပ်မုန်းတဲ့လူနဲ့တူတူ နေရတဲ့ဒုက္ခ မောင်ကောင်းကောင်းသိတယ်၊ ပြီးတော့ သည်းငယ်နာကျင်မှာ မောင်မလိုလားဘူး" Namjoon ပြောလာတဲ့စကားကြောင့် Soekjin စိတ်မကောင်းပေ။
သူဟာ မောင့်အပေါ်မတရား အတ္တကြီးခဲ့မိသည်။ မောင်ဟာ သူ့အပေါ်အမြဲသည်းခံပေးသည်၊ ဒါပေမယ့်မောင်! မောင်လည်းလူသား မို့ တနေ့မှာမောင်က ငါ့ထက်သာတဲ့လူဆီသွားမှာ ငါသိတယ်။ ငါကြောက်တယ်မောင်။
ESTÁS LEYENDO
Love of red lines
FanficNamjoon၊-အမှန်တော့ငါတို့တွေက မဆုံသင့်တဲ့မျဉ်းပြိုင်နှစ်ကြောင်းပါ။ ချစ်ခဲ့တယ်Soekjinမင်းမသိခဲ့ပါဘူး။ Soekjin- ငါ့ရဲ့မျက်ဝန်းတွေကိုမင်းမှသေချာမကြည်ခဲ့ပဲ။ ဖွင့်မပြောခဲပေမယ့် မင်းသိခဲ့သင့်တယ်။ ချစ်တယ်၊မင်းမသိနိုင်ပါဘူး။