#Unicode
"ခင်ဗျားနဲ့ ကျွန်တော် လမ်းခွဲမယ်"
ရွာအစွန်က ရေကန်စပ်နားမှာ ရပ်နေသော လူနှစ်ယောက်အနက် တစ်ယောက်ဆီမှ အသံထွက်လာသည်။
တစ်ယောက်က မတ်တပ်ရပ်ကာ ဒေါသမာန်အပြည့်နဲ့ ရေစပ်နားက ထိုင်နေသူကို ခါးခါးသီးသီးကြည့်နေသည်။ထိုင်နေသူက စိတ်ရှုပ်သဖွယ် မျက်နှာထားနဲ့ မတ်တပ်ရပ်နေသူကို မော့ကြည့်နေသည်။ ပတ်ဝန်းကျင်ရဲ့ တိတ်ဆိတ်မှုအကြား လမ်းခွဲမည် ဆိုသော စကားက ထိုးဖောက်ဝင်ရောက်လာသည်။
ခန့်ထက်သူ တစ်ယောက် ထိုင်ရာမှ ထလိုက်သည်။ ပြီးနောက် အကွာအဝေးတစ်ခုတွင်ရှိနေသော တုနှိုင်းသစ်ဆီသို့ ဦးတည်လိုက်သည်။
"နှိုင်း မင်း...ဘာဖြစ်ရပြန်ပြီလဲ"
စိတ်ရှုပ်တဲ့ အငွေ့အသက်တွေပါတဲ့ မေးခွန်းကြောင့် တုနှိုင်းသစ် ပိုပြီး ဒေါသထွက်သွားသည်။
"ခင်ဗျား...ကျွန်တော့်ကို စိတ်ရှုပ်သလို လာပြောမနေနဲ့။ ခင်ဗျားသိဖို့က
ကျွန်တော်က ခင်ဗျားနဲ့ တွဲနေရတာ တစ်နေ့တစ်ခြားပိုပြီး စိတ်ရှုပ်လာတယ်ဆိုတာပဲ။""စိတ်ရှုပ်ရအောင် ကိုက ဘာတွေလုပ်နေလို့လဲ"
အိပ်ချင်ယောင်ဆောင်တဲ့ သူဟာ နှိုးရခက်သလို.... မသိချင်ယောင်ဆောင်တဲ့သူကိုလည်း သိအောင်လုပ်ဖို့ ခက်တယ်။ ဒါပေမယ့် တုနှိုင်းသစ်ရဲ့ သည်းခံမှုက မိုင်ကုန်ကို ရောက်နေပေသည်။
"ခင်ဗျားက မသိချင်ယောင်ဆောင်နေမှတော့ ကျွန်တော် ပြောပြရမှာပေါ့။ ခင်ဗျား နွယ်လီတင်ထွဋ်ဆိုတဲ့ မိန်းမနဲ့ ဘယ်အခြေအနေရောက်နေပြီလဲ။ ခင်ဗျား အမှန်အတိုင်းပြော"
တုနှိုင်းသစ်ရဲ့ စကားတွေကို ပြန်ဖြေဖို့ ခန့်ထက်သူကြိုးစားနေသည်။ ခဏနေမှ ခန့်ထက်သူ ဘက်မှ အဖြေပြန်လာသည်။
"ကို....နှိုင်းကို ပြောပြထားပြီးသားပဲလေ။ သူနဲ့က မေမေ..."
"ခင်ဗျားရဲ့ ပါးစပ်ကိုပိတ်လိုက်တော့..."
အခြေအမြစ်မရှိ ယုတ္တိမရှိတဲ့ စကားတွေက တုနှိုင်းသစ် ဒေါသကို လောင်စာထည့်ပေးလိုက်သလို မီးဟုန်းဟုန်းတောက်သွားသည်။
YOU ARE READING
"အသက်ထက်ဆုံး ချစ်ချင်သည်" / "အသက္ထက္ဆုံး ခ်စ္ခ်င္သည္" (Season-1)-Completed-