#Unicode
အိမ်အပေါ်ထပ် အခန်းတစ်ခန်းအတွင်းဝယ် အမျိုးသမီးသုံးယောက် ရှိနေကြသည်။
"စီစဥ်ထားသလို လုပ်မှ ဖြစ်တော့မယ်"
"ဟုတ်တယ်....မေမေ။ မြတ်တော့ ဘယ်လိုမှကို လက်မခံနိုင်ဘူး။
တင့်ရော...""တင့်ကတော့....ဘာမှမပြောချင်ဘူး။ အရှိန်က ငယ်တဲ့အရွယ်မှမဟုတ်တာ....ပြီး..."
"သူ့ဘာသာငယ်ငယ် မငယ်ငယ် အရှိန်က မေ့မေမျက်စိထဲမှာတော့ ကလေးပဲ။ အခုလို ယောကျ်ားလေးတစ်ယောက်နဲ့ ချစ်ကြိုက်နေတယ်လို့သာ ပတ်ဝန်းကျင်က သိသွားကြည့်စမ်း။ မေမေတော့ ရှက်လွန်းလို့ သေရလိမ့်မယ်။"
"မေမေတို့သဘောပဲ....တင့် ဘာမှ မပြောချင်တော့ဘူး။ အရှိန့်ကိုပဲ သနားတယ်။"
"မေမေကတော့ မသနားနိုင်တော့ဘူး။ သနားလိုက်ရင် မေမေတို့မိသားစုဘယ်လိုမျက်နှာနဲ့ ပတ်ဝန်းကျင်မှာနေထိုင်ရမလဲ။ သွား... သမီးကြီး...အစီအစဥ်အတိုင်းသာ လုပ်လိုက်တော့"
တင့်လင်းရှိန်တစ်ယောက် အခန်းပြတင်းပေါက်ကနေသာ
အပြင်ပတ်ဝန်းကျင်ကိုသာ
ငေးကြည့်နေလိုက်သည်။ဌက်ကလေးနှစ်ကောင်က အတူတူပျံသန်းနေကြပေမယ့် တစ်နေရာအရောက်မှာ လမ်းခွဲသွားကြသည်။
အသက်ခပ်ပြင်းပြင်း ရှူရှိုက်လိုက်ရုံကလွဲလို့
ဒေါ်တင့်လင်းရှိန်လည်း ဘာမှမတတ်နိုင်။
အရှိန်....မင်းရွေးချယ်မှုကို မင်းနောင်တမရပါစေနဲ့။__________
"ဒီနေ့ မြတ်တို့ အလှူကို တက်ရောက်ပေးကြတဲ့အတွက် အားလုံးကို ကျေးဇူးတင်ပါတယ်ရှင်။ မြတ်တစ်ခုလောက် ပြောချင်လို့ပါ။"
ကျွန်တော်နဲ့ ဦးရှိန်လည်း စကားပြောနေတာကို လက်စသတ်လိုက်ပြီး ဒေါ်မြတ်သွေးရှိန်ပြောမည့်စကားကို နားထောင်နေမိသည်။
"သတင်းကောင်းလေး တစ်ခုပါ။ မကြာမီမှာ မြတ်တို့ရဲ့ မောင်လေး နေသွေးရှိန်နဲ့ ဟောဒီက ညီမလေး ဆုထူးပန်တို့ရဲ့ လက်ထပ်ထိမ်းမြားပွဲ ရှိပါတယ်။ အဲ့ဒီအခါကျရင်လည်း အားလုံးက ဂုဏ်ပြုချီးမြှင့်ပေးကြပါဦးလို့ ပြောချင်ပါတယ်ရှင်"
YOU ARE READING
"အသက်ထက်ဆုံး ချစ်ချင်သည်" / "အသက္ထက္ဆုံး ခ်စ္ခ်င္သည္" (Season-1)-Completed-