#Unicode
"ကျွန်တော်တို့ ခပ်ဝေးဝေးနေရအောင်"
ကျွန်တော့်စကားကို ကြားပြီးချိန်မှာ ဦးနေသွေးရှိန်က ငြိမ်သက်သွားကာ သူဆွဲထားသော ကျွန်တော့်လက်ကို လွှတ်ပေးလိုက်သည်။
ဒီတစ်ခွန်းလေးပြောတာနဲ့ ကျွန်တော့်ကို အဆုံးအထိ လက်လွှတ်လိုက်တာလား။"ဒါက မင်းသဘောထားပေါ့ ဟုတ်လား တုနှိုင်းသစ်"
မျက်ခုံးနှစ်ဖက်ကို ကျုံ့လျက်
နှုတ်ခမ်းနှစ်လွှာကို တင်းတင်းစေ့ကာ ဦးနေသွေးရှိန်က ကျွန်တော့်ကို မေးလာသည်။
သူစိတ်တွေ ယောက်ယက်ခတ်သွားတာ ကျွန်တော်သိသည်။
ကျွန်တော်ကိုယ်တိုင်လည်း သူ့ကို စိတ်လှုပ်ရှားစွာ ကြည့်နေမိသည်။"ငါမေးနေတယ်လေ။ ခပ်ဝေးဝေးနေချင်တာ မင်းသဘောထားလားလို့"
ကျွန်တော်ပြောတာက ခပ်ဝေးဝေးနေရအောင်လို့ ပြောတာပါ။ ခပ်ဝေးဝေးနေချင်တယ်လို့ ပြောလိုက်မိလို့လား။ ဖြစ်နိုင်ရင် ကျွန်တော်က ဦးနေသွေးရှိန်ရဲ့ အနားမှာ ကပ်တွယ်နေချင်တဲ့သူပါ။ ကျွန်တော်က သူ့ကို အရင်ရူးသွပ်ခဲ့ရတဲ့သူပါ။ အခုအချိန်မှာ
မမဆုကို ပေးထားတဲ့ကတိကို ကျွန်တော်တည်ချင်သလို နောက်ထပ်ကျွန်တော် တွေးမိတာက
ဦးနေသွေးရှိန် ချစ်သင့်တဲ့သူက ကျွန်တော်မဟုတ်ဘူး။ ကျွန်တော်နဲ့ ဦးနေသွေးရှိန်အချစ်က ဘယ်လိုအပ်စပ်မှုမျိုးမှ မရှိဘူး။ သူနားသလည်လိုပဲ ခပ်ဝေးဝေးနေချင်တာ ကျွန်တော့်သဘောထားလို့ပဲ နားလည်လိုက်ပါ။ကျွန်တော် သူ့ကိုတည့်တည့်ကြည့်ကာ ခေါင်းကို ခပ်ဆတ်ဆတ်ညိတ်လိုက်သည်။
"အင်း....."
"တောက်...."
တိတ်ဆိတ်နေတဲ့ အိမ်အတွင်းမှာ ဦးနေသွေးရှိန်တက်ခေါက်သံက မြည်ဟီးသွားသည်။ ကျွန်တော်ကိုယ်တိုင်ပင် တုန်လှုပ်သွားရသည်။ ဦးနေသွေးရှိန်ရဲ့ ကျွန်တော်သဘောကျရတဲ့ မျက်ဝန်းတွေက အခုတော့ အရောင်ပြောင်းလဲလို့နေသည်။ ဒါပေမယ့် ဘယ်လိုအကြည့်မျိုးပဲဖြစ်ပါစေ။ သူ့မျက်ဝန်းမှာ ဖြစ်တည်လာသမျှ အရိပ်အယောင်သေးသေးကလေး ကအစ ကျွန်တော်နှစ်သက်သည်။
YOU ARE READING
"အသက်ထက်ဆုံး ချစ်ချင်သည်" / "အသက္ထက္ဆုံး ခ်စ္ခ်င္သည္" (Season-1)-Completed-