547 30 16
#Unicode
Season1 ပြီးသွားတော့ စာဖတ်သူတွေကို ဘာပြောချင်တာများရှိသလဲလို့ ကိုယ့်ကိုကိုယ့်အဝေး မေးတဲ့အခါမှာ ပြောပြချင်တာတွေ အများကြီးရှိတယ်ဆိုတာ သိလိုက်ရတယ်။
ဒီ S1 တစ်ခုလုံးမှာ တုနှိုင်းသစ်ဟာ လူငယ်တစ်ယောက်ပါ။
သူ့ရဲ့ Uni life ပြီးတဲ့အထိပဲ အဝေးရေးခဲ့တာ။
ဒါကြောင့် လူငယ်လေးတစ်ယောက်ရဲ့ စိတ်ခံစားချက်နဲ့ မိဘတွေအပေါ်မှာ ခံစားချက်ပြင်းထန်နေတာကို တွေ့ရပါလိမ့်မယ်။
အထူးသဖြင့် မိထွေးကို မြွေဟောက်မလို့ သုံးနှုန်း​ပြီး တွေးမိတာမျိုးတွေ။ အဖေဖြစ်သူကို သူ့ဘဝနဲ့သူနေပါဆိုပြီး ပြောခဲ့တာမျိုးတွေ။ ဒါတွေက လူငယ်ပီပီ ခံစားချက်ပြင်းထန်ခဲ့တာတွေပါ။
လူငယ်တိုင်းတော့ မဆိုလိုပေမယ့် လူငယ်အများစုဟာ ဒီလိုတွေ တွေးခေါ်တတ်မိခဲ့ကြတယ်။
ဒီလိုမျိုးတွေ ပြောဖြစ်တတ်ကြတယ်ဆိုတာ သိစေချင်လို့ အဝေးရေးခဲ့တာပါ။ တုနှိုင်းသစ်က မိသားစုနဲ့ပက်သက်ရင် ငဂျစ်လေးတစ်ယောက် ဖြစ်ခဲ့တယ်ဆိုတာကို စာဖတ်သူတွေ သိစေချင်ပါတယ်။
အဝေး ဒီ fic စဖန်တီးကတည်းက တုနှိုင်းသစ်ရဲ့ နေရာကနေပဲ ရေးမယ်လို့ ဆုံးဖြတ်ခဲ့တယ်။ ဒါပေမယ့် နောက်ထပ်ဇာတ်ကောင် ဖြစ်တဲ့ နေသွေးရှိန်ဘက်ကနေ တစ်လုံးမှ မရေးဘူးဆိုရင် စာဖတ်သူတွေက ဦးနေသွေးရှိန်စိတ်ကို နားမလည်နိုင်ဖြစ်လိမ့်မယ်လို့ ပြန်တွေးမိလို့ အနည်းငယ်သော အရေးအသားတွေကို ဦးနေသွေးရှိန်ဘက်ကနေ ဖော်ပြခဲ့တယ်။
အမှန်ဆို အဝေး ဦးနေသွေးရှိန်ရဲ့ POV ကို မရေးချင်ခဲ့ပါဘူး။ မရေးဘဲနဲ့ပဲ တစ်ဖက်လှည့်ပြီးတော့ ဦးနေသွေးရှိန်စိတ်ကို နားလည်အောင် လုပ်လို့ရကောင်း ရလိမ့်မယ်။ ဒါပေမယ့် အဝေးမှာ စာရေးသက် သုံးလပဲရှိတာမို့ အခက်အခဲတွေရှိနေပါတယ်....ဒါကြောင့် အနည်းအကျဥ်းကိုပဲ ထည့်ခဲ့တာပါ။ အများစုက စကားပြောနဲ့ပဲ ဦးနေသွေးရှိန်စိတ်ကို ပုံဖော်ပေးခဲ့တာပါ။
လိုရင်းကိုပြောရင် အဝေး ဦးနေသွေးရှိန် POV ကို ရေးဖို့ မစဥ်းစားခဲ့ပါဘူး။ မဖြစ်လို့ ထည့်ခဲ့ရတာပါ။ အဲ့ဒါကြောင့် ဦးနေသွေးရှိန်အကြောင်း အများကြီးမပါခဲ့တာပါ။
အဝေးရေးခဲ့တာ တစ်ခန်းပဲ ရှိပါတယ်။
သတိထားဖတ်ရင်တော​့ သိနိုင်မှာပါ။
"အသက်ထက်ဆုံး ချစ်ချင်သည်" /  "အသက္ထက္ဆုံး ခ်စ္ခ်င္သည္" (Season-1)-Completed-Where stories live. Discover now