အပိုင်း - ၁၃ / အပိုင္း - ၁၃

781 78 7
                                    

#Unicode

"မနက်ဖြန် ဘယ်အချိန်လာခေါ်ပေးရမလဲ"

မဆိုင်းမတွ မေးလာသော မေးခွန်းကြောင့် ကျွန်တော့်မျက်နှာမှာ အပြုံးတစ်ခုဖြစ်ပေါ်သွားခဲ့သည်ဆိုတာ ဦးနေသွေးရှိန် မသိခဲ့။

"ကျွန်တော်က ကျောင်းကနေ
၄ နာရီပြန်ရောက်မှာ ဆရာ။ ဆရာအဆင်ပြေတဲ့အချိန် သွားလို့ရပါတယ်။"

"ငါ ၅ နာရီ၁၅ လောက် အရောက်လာခဲ့မယ်။"

"ဟုတ်ကဲ့........ဒါဆို ဖုန်းချလိုက်တော့မယ်ဗျ"

"ခဏလေး......"

"ဟုတ်ကဲ့"

ဖုန်းကို နားအနားကပ်ကာ စိတ်လှုပ်ရှားစွာ နား​​ထောင်နေမိသည်။

"မင်းတစ်ယောက်တည်းမလား။ သေချာဂရုစိုက်ပြီး အိပ်။ မအိပ်ခင် တံခါးတွေကို သေချာစစ်ဦး။ တစ်ခုခုဆို ငါ့ကို ဖုန်းဆက်လို့ရတယ်။"

ကျေနပ်စွာ ပြုံးမိသည်။ ကျွန်တော့်ကို ဂရုစိုက်ပေးတဲ့အတွက် ကျေးဇူးတင်ပါတယ်။ ဒီလောက်ဆို.....
ဦးနေသွေးရှိန် ကျွန်တော့်ကို ချစ်သေးတယ်လို့ သတ်မှတ်လို့ရတယ်မလား။

ဖုန်းချပြီးနောက် ခြံတံခါး၊ အိမ်တံခါး နဲ့ ပြတင်းပေါက်တွေကို သေချာထပ်စစ်လိုက်သည်။
ပြီးမှ အခန်းထဲပြန်ဝင်ကာ Diary စာအုပ်ကို အရင်လှန်မိသည်။ ဘောပင်ထိပ်ဖျားနဲ့ စာအုပ်မျက်နှာပြင်ထိတွေ့ချိန်မှာ ကျွန်တော် ဦးနေသွေးရှိန်အပေါ် ဘယ်လောက်ချစ်ပါသည် ဆိုသော အတိုင်းအဆတစ်ခု ပေါ်ပေါက်လာခဲ့သည်။

____________

၅:၀၅ မိနစ်။
ကျွန်တော် အဆင်သင့်ပြင်ကာ ခြံထဲက ဒန်းပေါ်မှာသာ ထိုင်စောင့်နေလိုက်သည်။
ဘာမှ သယ်စရာပစ္စည်းရယ်လို့ မယ်မယ်ရရ မရှိ။ သယ်စရာရယ်ဆိုလို့ မမဆုအတွက် ဟင်းခါးဓာတ်ဗူးသာ ပါသည်။ မမဆုက ညက သောက်ချင်သည်ဟု ဖုန်းဆက်လာသောကြောင့် ကျွန်တော်လည်း လက်စွမ်းပြလိုက်သည်။

ကျွန်တော်နဲ့ ဦးနေသွေးရှိန် မျက်နှာချင်းဆိုင်မိကြတဲ့အခါ ဘာတွေပြောကြမလဲ။
ကျွန်တော့်ကို အချိန်တစ်ခုလောက်အထိ စောင့်နေပေးပါလို့ ပြောရမလား။

"အသက်ထက်ဆုံး ချစ်ချင်သည်" /  "အသက္ထက္ဆုံး ခ်စ္ခ်င္သည္" (Season-1)-Completed-Where stories live. Discover now