#Unicode
ခဏကြာတော့ ခြံရှေ့ကိုရောက်လာသည်။ မမဆုနဲ့ ကိုကြီးက ခြံထဲမှာ ရှိနေကြသည်။ သေချာတာပေါ့ ကျွန်တော့်ကို စိတ်ပူနေကြတယ်ဆိုတာ။
"ဆုလင်း....တံခါးဖွင့်ဦး"
"ဟယ်...ဆရာ....ဘယ်လို....တုနှိုင်း.. တုနှိုင်းရယ်....မဆု အခုတင် ကိုထက်ကို လွှတ်တော့မလို့။ ဘယ်သွားနေတာလဲ...သား"
"ဘယ်မှ မသွားဘူး။ တံခါးဖွင့်...ငါပြောပြမယ် အကုန်"
ခြံတံခါးဖွင့်ပေးတော့ ဆိုင်ကယ်ကိုတွန်းကာ ဦးနေသွေးရှိန်က ရှေ့ဆုံးမှ ဝင်သွားသည်။ မမဆုက
ကျွန်တော်အနားကိုရောက်လာကာ ကျွန်တော့် လက်ကိုဆွဲလာသည်။ဦးနေသွေးရှိန်က ဖြစ်ပျက်သမျှ အကြောင်းကို အကုန်ပြောပြလိုက်သည်။
"ဒီမှာ အဲ့လူသုံးယောက်။ ပြီးတော့ ဒီအသံဖိုင်နဲ့ဆို သက်သေကလုံလောက်ပြီ။ သုတမင်းအခု လိုက်မလား။ လာ...ရက်ကွက်ရုံးသွားမယ်။"
"အဆုလည်း လိုက်မယ်လေ ဆရာ..."
"နင်မလိုက်နဲ့တော့...ဆုလင်း။ ငါနဲ့ သုတပဲသွားလိုက်မယ်။ သူ့ကို ရေတိုက်လိုက်ဦး။ အလန့်မပြေသေးမှာစိုးလို့"
ကျွန်တော့်ကို ကြည့်ကာ ဦးနေသွေးရှိန်က ပြောလာတော့ ကျွန်တော် ခေါင်းငုံ့ထားမိသည်။
"သား...အဆင်ပြေရဲ့လား ဟမ်။ လာ...လာ မဆုရေတိုက်မယ်။ ကိုထက် အဆင်ပြေအောင်လုပ်ခဲ့နော်။"
"စိတ်ချ...သွား...သွား...အိမ်ထဲဝင်တော့။"
_______________
ကျွန်တော်ကို ခေါ်ကာ မမဆုအိမ်ထဲဝင်ခဲ့သည်။ ပြီးတော့ ကျွန်တော့်ကို ရေတစ်ခွက်တိုက်သည်။
"သား...ရော့...ရေသောက်လိုက်ဦး။ တော်သေးတယ် သားရယ်.... ဆရာနဲ့တွေ့လို့"
"မမဆု....ကျွန်တော်က ကိုယ့်ကိုကိုယ်တောင် မကာကွယ်နိုင်ခဲ့ဘူး။ ကျွန်တော် သိပ်ညံ့နေသလားဟင် မမဆု"
မမဆုရင်ခွင်ထဲတိုးဝင်ကာ ငိုမိတော့ မမဆုက ကျွန်တော့်ကျောပြင်ကို နွေးထွေးစွာ ပွတ်သပ်ပေးလေသည်။
"သားရယ်...သားက ငယ်သေးတာပဲ။ တစ်ယောက်နဲ့တစ်ယောက်က စိတ်ပိုင်းဆိုင်ရာ ရုပ်ပိုင်းဆိုင်ရာ အရွယ်ရောက်ကြီးပြင်းပုံချင်းမတူကြဘူး။ အဲ့တော့ အချိန်တစ်ခုရောက်ရင် အရာအားလုံးဟာ သူ့အလိုလိုအဆင်ပြေသွားပါလိမ့်မယ်။ သားက ဘယ်အရာကိုမှ အတင်းလုပ်ယူလို့မရဘူး။ နားလည်လား။ သားငိုချင်ရင် ငိုချလို့ရတယ်။ ကြောက်စရာကိစ္စတစ်ခုကြုံရင် ကြောက်လို့ရတယ်။ ယောကျ်ားလေးတစ်ယောက်က မငိုရဘူး၊ မကြောက်ရဘူးလို့ ဘယ်သူကပြောလဲ...ဟမ်...သားရဲ့ ပုံစံအတိုင်း သားရဲ့ဖြစ်တည်မှုအတိုင်း သားရှင်သန်ခွင့်ရှိတယ်။ ပျော်ရွှင်ခွင့်ရှိတယ်။ ဒါပေမယ့် သူများကိုတော့ ထိခိုက်လို့မရဘူး။ သား... မဆုပြောတာတွေ နားလည်တယ်မလား။"
YOU ARE READING
"အသက်ထက်ဆုံး ချစ်ချင်သည်" / "အသက္ထက္ဆုံး ခ်စ္ခ်င္သည္" (Season-1)-Completed-