အပိုင်း - ၁၀ / အပိုင္း - ၁၀

811 77 25
                                    

#Unicode

"မမဆု ဘာလေးလဲ"

ကားပေါ်က ဆင်းဆင်းချင်း မမဆုကို တွဲပေးကာ ကျွန်တော်မေးလိုက်သည်။

"မင်းပြောနေကျအတိုင်း တူမလေးပေါ့"

တူမလေးဆိုတဲ့ အဖြေကြောင့် ကျွန်တော် တကယ်ပျော်မိသည်။ ကျွန်တော် မျှော်လင့်ထားသလို မမဆုနဲ့ တူတဲ့ တူမလေးပေါ့။ ချစ်ဖို့ကောင်းတယ်။ တက်ကြွတယ်။ ပြတ်သားတယ်။ ထက်မြက်တယ်။

ကျွန်တော် မမဆုကို ပြုံးပြလိုက်သည်။

"သြော်....သား မနက်ဖြန် ကြီးတင့်ကို မဆုတို့ သွားကြိုရမှာ။ သား လိုက်မလား"

ကြီးတင့်ကို ခေါ်ဖို့ အရင်နှစ်လကတည်းက စီစဥ်ခဲ့သည်။ ကြီးတင့်ဆိုတာ ကိုကြီးတို့ပြင်ဦးလွင်က ​ကိုကြီးတို့နဲ့ ဆွေမျိုးနီးစပ်တော်တဲ့ ကြီးကြီးတစ်ယောက်။ မမဆုက နောက်လကစပြီး မီးဖွားခွင့်ယူထားတာမို့လို့ မမဆု လောလောဆယ် အဖော်ရအောင် ကိုကြီးမေမေက အရင် လွှတ်လိုက်ခြင်းဖြစ်သည်။

မမဆုက မွေးခါနီးလေ အားငယ်လေ ဖြစ်မှာစိုးလို့ ကျွန်တော်နဲ့ ကိုကြီးမှာ အခုတလော အမြဲဂရုစိုက်သည်။ ကျွန်တော်ကလည်း ကျောင်းစာတစ်ဖက်နဲ့မို့ ကိုကြီးကလည်း အလုပ်တစ်ဖက်ရှိသေးတာမို့ မမဆုကို အရမ်းဂရုမစိုက်နိုင်မှာစိုးရိမ်မိသည်။ ကြီးတင့်ရောက်လာတော့ မမဆု စကားပြောဖော်လေးတော့ရတာပေါ့။

အခုတလောမှာ မမဆုက တစ်ယောက်တည်းထိုင်ကာ ကြီးမေပုံတွေကို ကြည့်နေတတ်သည်။ မငိုပေမယ့် ဝမ်းနည်းနေသည်။ အားငယ်နေသည်ဆိုတာကို ကျွန်တော်ရိပ်မိပါသည်။ ဒါကြောင့် အားတဲ့အချိန်တိုင်း မမ​ဆုအနားမှာ အဖော်ပြုပေးနိုင်အောင် ကြိုးစားခဲ့ပါသည်။

"မလိုက်တော့ဘူး မမဆု။ စာလုပ်စရာလည်း ရှိသေးတယ်။ အိမ်မှာပဲ နေခဲ့မယ်"

ကျွန်တော် အပြင်သိပ်မထွက်ချင်ပါ။ ဟိုတစ်ခါ ပြဿနာပြီးကတည်းက အပြင်မထွက်ချင်တာပါ။ စိတ်ထဲမှာလည်း ထွက်ချင်စိတ်ကိုမရှိတာ။

____________

ဖုန်း ringtone ကြောင့် နိုးလာခဲ့သည်။ ဖုန်းမကိုင်သေးဘဲ နံရံကနာရီကို တစ်ချက်ကြည့်လိုက်သည်။
၆:၁၀ မိနစ်။
ခဏလေးဘဲ ပြန်အိပ်ရသေးတာကို။

"အသက်ထက်ဆုံး ချစ်ချင်သည်" /  "အသက္ထက္ဆုံး ခ်စ္ခ်င္သည္" (Season-1)-Completed-Where stories live. Discover now