#Unicode
"ဟယ်လို....ဦးနေသွေးရှိန်ခင်ဗျ....
ဘယ်နေ့များ ရန်ကုန်ရွှေမြို့တော်ကြီးဆီ ပြန်ရောက်မလဲဗျ။""အသစ်ကတော့ လုပ်ပြီ"
ဒီနေ့ဆို ဦးနေသွေးရှိန်
မိုးကုတ်ကိုသွားတာ သုံးရက်တောင်ပြည့်ပြီ။ အစ်မဖြစ်သူ ဒေါ်မြတ်သွေးရှိန်ရဲ့ အလုပ်ကိစ္စကြောင့် မိုးကုတ်ကို အားချင်းသွားခဲ့ရသည်။
ဖုန်းဆက်မည်ဟု စဥ်းစားပြန်တော့လည်း အလုပ်မအားမည်စိုး၍ ဆက်ဖို့ကို အတော်လေးစဥ်းစားခဲ့ရသည်။"လွမ်းတယ်ဗျ"
"အသစ်ရယ်....ကိုယ် သဘက်ခါပြန်လာမှာ။ အသစ်က ကိုယ့်ကိုလွမ်းရင် ကိုယ့်ကိုကိုယ် သေချာဂရုစိုက် ကြားလား။ ထမင်းရောစားပြီးပြီလား"
"စားပြီးပြီ။ ဦးရှိန်ရော...."
"ကိုယ်မစားရသေးဘူး။ အလုပ်ရှုပ်နေတာနဲ့"
"ပြန်ရောက်ရင် ကျွန်တော် တိုင်ကပ်နာရီတစ်လုံး ဝယ်ပေးမယ်လေ။"
"မလိုပါဘူး.....အသစ်ရှိတာပဲကို...."
အရွဲ့တိုက်ပြီးပြောတတ်သော ကျွန်တော့်အကျင့်ကို သိနေပြီဖြစ်သော ဦးနေသွေးရှိန်။ နှစ်လဆိုတဲ့ အချိန်အတွင်းမှာ သိသင့်သည့် အပေါ်ယံကိစ္စလေးများကို သိခဲ့ကြသည်။
ဦးနေသွေးရှိန်ရဲ့ အားနည်းချက် ကို ကျွန်တော်အခုထိ သေချာ
ရှာမတွေ့သေးပေမယ့် ကျွန်တော့်ရဲ့ အရွဲ့တိုက်ပြီး ဂျစ်တတ်တဲ့ အကျင့်ကိုတော့ သူက ကောင်းကောင်းကြီးသိခဲ့သည်။"အဲ့ဒါဆို စားတော့။ ကျွန်တော် ဖုန်းချလိုက်တော့မယ်။ ကျွန်တော်ဖုန်းထပ်မဆက်တော့ဘူးနော်။ အနှောင့်အယှက်ဖြစ်မှာစိုးလို့။ အချိန်ရမှ ဦးရှိန် ဖုန်းဆက်လိုက်။ ကျွန်တော် မျှော်နေမယ်။"
"အသစ်....နေဦးလေ။"
"ဗျာ"
"ကိုယ် ပြောစရာရှိသေးတယ်။"
"ဟုတ်....ပြောပါဗျ"
"ချစ်တယ် အသစ်ကို။ ပြီးတော့ အရမ်းလွမ်းတယ်။"
"ကျွန်တော့်ကို အသက်ရှူရပ်အောင် လုပ်နေတာလား။"
"အသက်ရှူရပ်သွားလည်း ကိစ္စမရှိဘူး။ ကိုယ် CPR လုပ်တတ်တယ်။"
YOU ARE READING
"အသက်ထက်ဆုံး ချစ်ချင်သည်" / "အသက္ထက္ဆုံး ခ်စ္ခ်င္သည္" (Season-1)-Completed-