အပိုင်း - ၁၄ / အပိုင္း - ၁၄

791 75 11
                                    

#Unicode

"အဲ့ဒါဆို မမဆု ကျွန်တော် ပြန်တော့မယ်။ နောက်နေ့ဘာစားချင်လဲ ကျွန်တော့်ကိုပြောလေ။ ချက်ထားလိုက်မယ်။ ကိုကြီးလာရင် ယူသွားပေးလို့ရတာပဲ"

"နေပါစေ သားရယ်..... မမဆုတို့လည်း သိပ်မကြာပါဘူး။ ဆေးရုံက ဆင်းရတော့မှာ"

"ဟုတ်ကဲ့....အဲ့ဒါဆို ပြန်တော့မယ်နော်။ အရိပ်ရေ....လေးလေးပြန်တော့မယ်နော်။ အိမ်ကို မြန်မြန်ပြန်လာခဲ့။"

ကျွန်တော်က အရိပ်လေးကိုနှုတ်ဆက်စကားဆိုတော့ အကုန်လုံးက ရယ်နေကြသေးသည်။

_____________

အပြန်လမ်းမှာ ကျွန်တော် နောက်ခန်းမှာသာထိုင်လိုက်သည်။

နှစ်ယောက်သားရဲ့ ရယ်မောသံတွေကို ကျွန်တော်နားမထောင်ချင်ပါ။
ရုတ်တရက် မြည်လာသော ဦးနေသွေးရှိန်ရဲ့ ဖုန်းသံ။

"ဟယ်လို...မေမေ။ ပြန်လာပြီ...မေမေ။ ခရေပင်လမ်းခွဲရောက်နေပြီ။ ရှိတယ်လေ။ စကားပြောမလို့လား...ဟုတ်...ကျွန်တော် ဖုန်း ပေးလိုက်မယ်"

ဦးနေသွေးရှိန်က ဟိုအမျိုးသမီးကို ဖုန်းပေးလိုက်သည်။

"အန်တီထား...နေကောင်းတယ်နော်...ဟုတ်ကဲ့...ဟုတ်ကဲ့.....
ပန် အားတဲ့နေကျရင် ကိုကြီးကိုဖုန်းဆက်လိုက်မယ်နော်...
ဟုတ်ကဲ့...ကျန်းမာရေးဂရုစိုက်ဦးနော် အန်တီထား"

အပြောအဆိုညက်ညောတဲ့ ဒေါ်ဆုထူးပန်ကို ကျွန်တော် ကားမှန်ကနေတစ်ဆင့် ကြည့်နေမိသည်။
ဒါပါပဲ....ဦးနေသွေးရှိန်နဲ့ဆို သူမက အလိုက်ဖက်ဆုံးဖြစ်မှာပါ။

နာကျင်မှုဆိုတာ အပြုံးနဲ့ဖုံးထားလည်း သိသာတာမျိုးပါ။ ကျွန်တော့်ကို ဦးနေသွေးရှိန်က ကားမှန်မှ တစ်ဆင့်ကြည့်နေသည်ကို ကျွန်တော်တွေ့လိုက်သည်။

ကျွန်တော် လက်မလွှတ်နိုင်သေးဘူးထင်တယ် ဦးနေသွေးရှိန်။ ကျွန်တော်ကိုယ်တိုင် ခပ်ဝေးဝေးမှာနေရအောင် ပြောပေမယ့် ကျွန်တော့်စိတ်တွေကတော့ ဦးနေသွေးရှိန်ဆီမှာ အချိန်ပြည့်ရောက်နေတယ်။
ကျွန်တော် လက်မလွှတ်နိုင်သေးလို့ တောင်းပန်ပါတယ်။

"အသက်ထက်ဆုံး ချစ်ချင်သည်" /  "အသက္ထက္ဆုံး ခ်စ္ခ်င္သည္" (Season-1)-Completed-Where stories live. Discover now