#Unicode
"မမဆု....မလိုက်နဲ့တော့လေ။
ကျွန်တော့်ဘာသာ သွားလိုက်မယ်။""ရလို့လား။ နေဦး....လိုက်မယ်။ လမ်းထိပ်ထိ ထွက်ရမှာကို။
"မလိုက်ပါနဲ့။ နားနေပါ။ ကျွန်တော် ဆိုင်ကယ်ယူသွားလိုက်မယ်။ မင်းသန့်အိမ်ရှေ့မှာ ခဏရပ်ခဲ့လို့ရတာပဲ။"
မင်းသန့်ဆိုတာ ကျွန်တော်နဲ့ တစ်ခန်းထဲ သူလည်း ဆယ်တန်းဒုတိယနှစ်တက်နေတာပဲ။ ဘယ်သူ့နဲ့မှ သိပ်ရင်းရင်းနှီးနှီးမနေတတ်ပေမယ့် မင်းသန့်နဲ့တော့ ဒီတစ်လအတွင်းမှာ တော်တော်လေးခင်ခဲ့သည်။
မင်းသန့်အိမ်က လမ်းထိပ်နားလေးတင်ဆိုတော့ သူ့အိမ်ရှေ့မှာ ခဏရပ်ခဲ့ပြီး စျေးကိုလမ်းလျှောက်သွားလိုက်မည်။"အဲ့ဒါဆိုလည်း....စိတ်ချမယ်နော်။ ဖုန်းယူသွားဦး"
"ကဲ...မေရယ်...တုနှိုင်းက ကလေးသေးသေးလေး မဟုတ်တော့ပါဘူး။ ဘယ့်နှယ်ကွာ...သွားပါစေ သူ့ဘာသာသူ။ စိတ်မချဖြစ်နေလို့မရဘူးလေ။ အချိန်တန်ရင် သူ့ဘာသာပဲပျံသန်းရမှာ။"
ကိုကြီးဝင်ပြောတော့မှပဲ အဆင်ပြေတော့တယ်။ နို့မို့ဆို မနက်ဖြန်တောင် စျေးရောက်မှာမဟုတ်တော့ဘူး။ တစ်ခါတစ်လေလည်း မမဆုက အဲ့လိုအပူပန်ကြီး ပူပန်တတ်တယ်။
"သွား...သွား...တုနှိုင်း...ဖုန်းတော့ယူသွား။ မဟုတ်ရင် မင်းအစ်မ သွေးတက်လိမ့်မယ်"
မမဆုက ကိုကြီးကို မျက်စောင်းကြီးကြီးတစ်ခုကျွေးလိုက်ကာ ပါးစပ်ကနေလည်း ပွစိပွစိပြောနေသည်။
ကျွန်တော်ကတော့
မြန်မြန်ထွက်လာခဲ့လိုက်သည်။မင်းသန့်အိမ်ရှေ့ရောက်တော့ ဆိုင်ကယ်ရပ်ကာ မင်းသန့်ကိုခေါ်လိုက်သည်။
"မင်းသန့်...မင်းသန့်...မင်းသန့်ရေ"
"ဟ....ဘာလဲကွ။ လာပြီ"
"ခေါ်လိုက်ရတာ သေတော့မယ်။ ငါစျေးခဏသွားမလို့ ဆိုင်ကယ်ခဏရပ်ခဲ့မယ်။"
"အေး....သွားလေ။ ငါ ကြည့်နေပေးမယ်"
ဘောင်းဘီတို စွပ်ကျယ်လက်ပြတ်နဲ့ ထွက်လာတဲ့ မင်းသန့်က ကျောင်းမှာလို သန့်သန့်ပြန့်ပြန့်ရုပ်ထွက်မနေ။
YOU ARE READING
"အသက်ထက်ဆုံး ချစ်ချင်သည်" / "အသက္ထက္ဆုံး ခ်စ္ခ်င္သည္" (Season-1)-Completed-