ချစ်တိုင်းလည်းမညားသလို
ညားတိုင်းလည်း ချစ်ကြတာမှမဟုတ်တာ။
လစ်လျှုရှုခံရတဲ့ ခံစားချက်ကိုမုန်းတယ်၊
အဲ့လို လစ်လျှရှုနိုင်တဲ့ မောင် ဆိုတဲ့လူကိုလည်း မုန်းတယ်။
"bangkok to Myanmar >>>>>airlineမှ မကြာခင် Yangon အပြည်ပြည်ဆိုင်ရာ လေဆိပ်ကို စိုက်ကပ်ပါတော့မယ် ...."
မောင်သည် မနေ့ကတစ်နေ့လုံး လေ့ကျင်းရေး ဆင်းထားပြီး ဒီနေ့မြန်မာပြည်ကို တန်းပြန်လာခဲ့သည်။
အိပ်ရေးပျက်တဲ့ ညတွေ များနေတာကြောင့် အတော်လေးပင် ပင်ပန်းနေခဲ့၏။
မှေးခနဲ အိပ်ပျော်ရုံ ရှိသေးသည်၊ လေယာဥ်မယ်မိန်းကလေး၏ အသံကြောင့် ဆက်သူရမောင် နိုးလာခဲ့သည်....။အပြာနုရောင် coatကို collerမှာကိုင်ပြီး သေချာဆွဲချကာ လည်ပင်းက mufflerအပြာရောင်ကို ဖယ်လိုက်သည်....။
"ပြန်တွေ့ ပြန်ပြီနော်"
"ဟုတ်ပါ့ ရေစက်ထင်တယ်"
မောင့်ရဲ့အပြုံးက ယောကျ်ားဆန်လွန်းသည် ။
သွားတန်းညီညီညာညာနဲ့ အသန့်ကြိုက်သူပီပီ မောင့်မျက်နှာက တည်ကြည်ပြီး ရှင်းသန့်နေ၏။မောင်bangkokကိုမှာ သောင်တင်နေတာ ၃လကျော်ကြာသည်။
အသွားတုန်းက ရင်းနှီးခဲ့ဖူးသည့် လေယာဥ်မယ်က မောင့်
ကိုမှတ်မိကာ နှုတ်ဆက်ခြင်းဖြစ်၏။အချိန်ခဏလေး အတွင်းမှာတောင် မိန်းကလေးတစ်ယောက်၏ စိတ်အာရုံကို ဖမ်းစားနိုင်လောက်တဲ့အထိ မောင့်ရုပ်ပန်းသွင်ပြင်က ယောကျာ်းဆန်စွာ ချောမောလွန်းသည်၊ မိန်းမပွေရှုပ်လွန်းသူ မဟုတ်သော်လည်း ကောင်မလေးချောချောလေးက လာအီရင်တော့ ပြန်ပြီး အီတတ်တဲ့သူမျိုးပင်....။
"ဒီလေယာဥ်ဆင်းရင် dutyချိန်ပြီးပြီ ခဏတွေ့ရအောင်"
ကောင်မလေးဘက်က စကားဖန်လာပေမယ့် သူလည်းကိစ္စလေး တစ်ချို့ရှိသေးသည်မို့
YOU ARE READING
ရစ်ရင်း ပတ်ရင်း တွယ်တာမိသည်။(COMPLETED)
Romanceဆက်သူရမောင်🖤ဒီသောမိုဃ် မောင့်ဗိမ္မာန်(or)My Dear Mgကို Fic nameချိန်းထားတာပါ။