အပိုင်း{၁၄}

18.2K 1.2K 10
                                    

အတ္တကြီးတယ်ပဲ ပြောပြော
မာနကြီးတယ်ပဲ ဆိုဆို
တခါတလေမှာ ....
ကိုယ်လိုချင်တာကိုရအောင်ယူတတ်တဲ့
စုဖုရားလတ်လို သတ္တိမျိုးလိုချင်တယ်။

ဒီသော လက်ထဲက ကိုင်ထားတဲ့ ဆေးကိုကြည့်ကိုကာ
လူတစ်ကိုယ်လုံးတုန်ရီနေသည်။
လုပ်ရမလား မလုပ်ရမလား တွေဝေနေမိ၏။
ထို့နောက် ဆုံးဖြတ်ချက်တစ်ခုကို ခိုင်မာစွာချလိုက်မိသည်၊

ဒီဆုံးဖြတ်ချက်ကြောင့် တစ်ချိန်ချိန်မှာ နောင်တရစရာ ဖြစ်လာခဲ့မယ်ဆိုရင်တောင် မောင်နဲ့ပတ်သတ်ခဲ့တာမို့ အဲ့နောင်တတရားနဲ့ ငါပျော်မွေ့နေချင်တယ်။

မီးဖိုးဆောင်ထဲ ဝင်လာတဲ့ သက်သက်က ဒီသောကို မြင်တော့ ကြောင်သွားသည်။

"အကိုလေး အချိန်မရှိကြီး ဘာလုပ်နေတာလဲ"

"coffeeဖျော်နေတာလေ "

"သက်သက်လည်း အကိုလေး coffeeဖျော်ခိုင်းလို့"

"အင်း မောင့်အတွက် ငါဖျော်ပေးထားတာ နင်ပဲယူသွားပေးလိုက်တော့နော် ငါလုပ်စရာလေးရှိလို့"

"ဟုတ်အကိုလေး"

သက်သက်ကတော့ coffeeမဖျော်ရတော့ဘူး ဆိုတာကြောင့် တော်တော်လေး ပျော်သွားပုံပင် ၊ မလုပ်ပေးစဖူး လုပ်ပေးနေတဲ့ အကိုလေး ဒီသောကိုလည်း အကြိမ်ကြိမ် ကျေးဇူးတင်နေမိသည်။

မောင်က ညတိုင်း coffeeသောက်တတ်တဲ့ အကျင့်ရှိသည်။ အချိန်မတော်ကြီး ထ ဖျော်ပေးရတာကြောင့် သက်သက်လည်း တစ်ခါတလေ ပျင်းမှာပေါ့။
ဒီနေ့တော့ ကိုကို့ဆီက ရလာတဲ့ ဆေးကိုမောင်သောက်မယ့်အထဲကို ထည့်ပေးလိုက်မိသည်။
ကိုယ့်စိတ်နဲ့ကိုယ် လုပ်ချင်ရာလုပ်ပြီး ဒီသောမိုဃ် ဖင်မထိုင်နိုင်၊ ဧည့်ခန်းထဲတွင် ဟိုလျှောက် ဒီလျှောက်နှင့်။

ဒီလုပ်ရက်ကို မောင်သာ သိရင် ငါ့ကို မုန်းသွားမှာလား....။

" ဒီမှာ coffeeရပြီ အကိုလေး "

အလုပ်လုပ်နေတဲ့ ဆက်သူရမောင်၏ စားပွဲပေါ်ကို သက်သက်က coffeeခွက်တင်ပေးလိုက်သည်။

"နင့်အကိုလေး အခုထိ လာအိပ်တာလဲ မတွေ့မိဘူး...အောက်ထပ်မှာလား"

ရစ်ရင်း ပတ်ရင်း တွယ်တာမိသည်။(COMPLETED)Onde histórias criam vida. Descubra agora