အပိုင်း{၂၀}

18.8K 1.2K 33
                                    

"သား...အိမ်လည်လာတာလား"

"ဟုတ်..အမေ.."

မောင်နဲ့ဒီသော အိမ်ထောင်သက်တမ်း ၁နှစ်ခွဲလောက်ရှိနေပြီ ၊ တစ်ခါမှ လာမလည်ဖူးတဲ့ ဒီသောကြောင့် မောင့် မာမီက ဝမ်းသာအားရနှင့်။

"သား..လာ ထိုင်အုံး...နေခင်းရောက်နေပြီ အိမ်မှာ တစ်ခါတည်း ထမင်းစားသွားအုံး အမေ နောက်ဖေးမှာ သားကြိုက်တတ်တာလေးတွေ သွားချက်ခိိုင်းထားလိုက်မယ်..."

"သြော်...ဟုတ်"

ဒီသောမှာ ဒီလိုကောင်းတဲ့ ယောက္ခမမျိုး ရှိတာကိုတွေးမိတော့ ဝမ်းသာမိသည်။

ဒီသောက ဧည့်ခန်းတစ်လျှောက် လျှောက်ကြည့်နေမိသည်။

မောင် ဘွဲ့ယူတုန်းကပုံတွေရယ် ၊ မောင် နိုင်ငံခြားမှာတုန်းကပုံတွေရယ်၊ မိသားစုဓာတ်ပုံတွေရယ်...ကလေးတုန်းက ပုံလေးတွေကိုကြည့်ရင်း

"မောင်က ငယ်ငယ်တုန်းက ချစ်ဖို့ကောင်းလိုက်တာ..."

"အွန်း သားကငယ်ငယ်ကဆို တအားဂျီကျတာ...."

ကိုယ့်အတွေးနဲ့ ကိုယ်ကြည့်နေသည်မို့ ဘေးက မောင့်မာမီရောက်နေတာကို သတိမထားမိ ဖြစ်သွားတော့ မျက်နှာပူသွားသည်။

"သြော်...."

ထို့နောက် တဖက်မှာ သူနဲ့ မောင့်မင်္ဂလာဆောင်တုန်းက ပုံတွေ.... ထိုဆီအကြည့်ရောက်တော့မှ ဒီသောမျက်နှာက အလိုလိုပြုံးသွားမိသည်။

အမှန်တိုင်းပြောရင် ဇင်မြတ်ညွန့်ကို မနာလိုဖြစ်မိသည်....
သူ မတွေဖူးခဲ့တဲ့ မောင့်ငယ်ဘဝကနေစပြီး အခုအချိန်ထိ မောင့်စိတ်ကို လွှမ်းမိုးန်ိုင်သေးတဲ့ ထို အမျိုးသမီးကို အမှန်တကယ်ပင် မနာလိုဖြစ်၏။ သို့သော် တစ်ဆက်တည်းမှာပင် ထိုအမျိုးသမီး ဇင်မြတ်ညွန့်ကို အားကျမိပြန်သည်။

"သားလေး မျက်နှာ မကောင်းဘူးလား..ဘာဖြစ်လို့လဲ...သူရက သားကို ပျော်အောင်မထားဘူးလား..."

"မ..မဟုတ်ပါဘူး..မောင်က ကျွန်တော့်အပေါ် လိုတာထက်တောင် ပိုကောင်းပါတယ်..."

ဒီသောက အသံက အနည်းငယ် အဖျားခတ်သွားသည်။
မျက်ရည်က အလိုလိုဝဲလာက ရင်ထဲကပါ စို့တတ်လာ၏။

ရစ်ရင်း ပတ်ရင်း တွယ်တာမိသည်။(COMPLETED)Where stories live. Discover now