အပိုင်း{၃}

20.1K 1.4K 21
                                    


နေ့လည်တစ်နာရီကျော်တော့ မောင်အိမ်ကိုပြန်ရောက်လာခဲ့သည်။

ဧည့်ခန်းထဲတွင်ညထိုင်နေသော ဒီသောမိုဃ်ရဲ့ဘေးတစ်စောင်းမျက်နှာမျက်နှာကို အမှတ်တမဲ့ကြည့်လိုက်သည်။

သွယ်စင်းနေသော နှာတံ
မထူမပါးနှုတ်ခမ်းသားက ဖောင်းဖောင်း မွေးညင်းနုနုလေးတွေနဲ့ ပါးပြင်အိစက်စက်ပုံ
မောင်က တစ်ချက်ကြည့်ရင်း မျက်နှာလွှဲကာ ခါးကိုင်းပြီး
မာမီဘေးကနေရာလွတ်တွင်ဝင်ထိုင်လိုက်သည်
မာမီက ခုမှပြန်လာတဲ့ မောင့်ကြောင့် အားနာနေပုံ။
ဒါကြောင့်မောင်ကပင်

"ကျွန်တော် ဆေးရုံကိစ္စလေးနည်းနည်းရှိလို့ ခုမှပြန်ရောက်တာ အန်တီတို့ကို အားနာလိုက်တာဗျာ"

"မဟုတ်တာသားရယ် မိသားစုတွေဖြစ်လာမယ့်သူတွေဘဲ အားနာစရာဘာလိုလဲ သားလည်းအလုပ်ရှိတာပဲ"

အမေဖြစ်သူတွေကတော့ ပြုံးကာတစ်ယောက်မျက်နှာတစ်ယောက်ကြည့်နေကြ၏။

ဒီသောမိုဃ် သည် သူ့အရှေ့က အနက်ရောင်လူသားကိုကြည့်လိုက်သည်...အနက်ရောင်အင်္ကျီထက်တွင် ဖြူသောအသားအရေက ထင်းခနဲနေသည်။

မောင်က မျက်လုံးကို ဟိုဝေ့လိုက်ဒီဝေ့လိုက်နှင့် ဒီသောမိုဃ် ကိုသေချာမကြည့်ပဲ နေသည်။

ဒီသောမိုဃ် သည် မောင့်ကိုဘယ်လိုခေါ်ရမှန်းမသိ
ပြောရမယ့်စကားကလည်း နာမည်ခေါ်ပြောမှသင့်တော်မည် စကားလုံးရိုက်ပြောရင်လည်း ဘေးတွင်လည်း လူကြီးတွေနှင့်မို့ အားနာစရာဖြစ်နေသည်။

ဒါကို မောင့်မာမီက လူကဲခတ်တော်သူပီပီဝင်ပြောလိုက်၏။

"ဒီသောလေးက သားကိုမောင်လို့ခေါ်လို့အဆင်ပြေလား"

မာမီ့စကားကြောင့် သူရမောင်ရော ဒီသောမိုဃ် ရော အံသြသွားတဲ့ပုံနှင့်လှမ်းကြည့်ကြသည်။

"ကျွန်တော့်ထက် ၂နှစ်ကြီးတယ်လေ"

ဒီသောကမတိုးမကျယ်လေးပြောလိုက်တော့

ဒီသောမာမီက
"အဲ့လိုသဘောနဲ့ခေါ်ခိုင်းတာမဟုတ်ဘူးလေ သားရယ်
ဆက်သူရမောင်မို့လို့ မောင်လို့ခေါ်ခိုင်းတာ"

ရစ်ရင်း ပတ်ရင်း တွယ်တာမိသည်။(COMPLETED)Место, где живут истории. Откройте их для себя