အပိုင်း{၅}

19.1K 1.3K 8
                                    

"ကိုကိုကလည်း စိတ်မကောင်းဖြစ်စရာ မလိုပါဘူးဆို အဲ့ဒါပဲပြောနေတယ်...ပြီးတော့ အကျဥ်းချုံးပဲလုပ်လိုက်တာမလို့လေ"

မောင်က ရေချိုးခန်းထဲတွင် ရေချိုးရင်း အပြင်ကဒီသောမိုဃ် ဖုန်းပြောနေသည့်အသံကို အတိုင်းသားကြားနေရ၏။။

ဘယ်သူလဲ ကိုကိုဆိုတာ....
စကားအသွားအလာအရဆိုရင် မင်္ဂလာဆောင်မလာဖြစ်တာကို ဟိုဘက်ကတစ်ယောက်က အားနာနေပုံပင်၊
သူတို့မင်္ဂလာဆောင်က ဘာမှအရေးမကြီးတဲ့သဘော၊

မောင်က ရေချိုးရင်း နံရံပေါ်ကိုလက်သီးဆုပ်ပြီး တင်ကာ
ဒီသောမိုဃ်အသံကို ဆက်နားထောင်နေ၏

"သန်ဘက်ခါကျ ငါကိုကို့ကို လေယာဥ်ကွင်းမှာ လာကြိုခိုင်းလိုက်မယ်"

နံရံပေါ် လက်သီးဆုပ်တင်ထားတဲ့ မောင့်လက်တွေပြေလျှော့သွားခဲ့သည်။

လက်စသတ်တော့ ဒီသောမိုဃ်အစ်ကိုပင်
ဒီသောမိုဃ်အမေက သူ့သားအကြီး ၁၂လပိုင်းကုန်ရင် နိုင်ငံခြားက ပြန်လာမယ်လို့ ပြောဖူးသည်
ဒီသောမိုဃ်အစ်ကိုဆိုတော့ သူ့ယောက်ဖပေါ့။

မောင်က ရေချိုးပြီးသပတ်ကို ခါးတွင်ပတ်ကာထွက်လာတော့ ကုတင်ပေါ်တွင် ဖုန်းထိုင်ဆက်နေသည့် ဒီသောက ဟိုဘက်ကိုချက်ခြင်းလှည့်သွား၏။
ဘေးတစ်စောင်း အနေအထား ပါးပြင်နီနီလေးတွေကိုမြင်
နေရတာမို့ မောင်က ဆံပင်ရေသုတ်ရင်း ငေးကြည့်နေမိသည်။
နှုတ်ခမ်းသားရဲရဲကို တစ်ချက်တစ်ချက်် သပ်လိုက်ပုံနဲ့ရှက်နေပုံလေးက မောင့်မျက်လုံးထဲတွင် ချစ်စရာတော့ကောင်းသည်၊
ဒီသောမိုဃ်က သူ့မျက်လုံးထဲမဟုတ်တောင် တခြားသူတွေအတွက်လည်း ဆွဲဆောင်မှုရှိနေမည်ဆိုတာ ငြင်းလို့မရပေ။

သူ့ရဲ့အပေါ်ပိုင်းဗလာ ဖြစ်နေတာကို ခဏခဏတွေ့နေကျက်ို ဒီသောမိုဃ်က ခုထိနေသားမကျသေးသလိုပင်။
လက်ထပ်ထားတာတောင် ၅လနီးပါရှိနေပြီ၊ ပုံမှန်ဆိုသူရေချိုးပြီး အပေါ်ပိုင်းဗလာနဲ့ထွက်လာရင် ဒီသောမိုဃ်အခန်းထဲမှာမရှိတော့ ၊ ရှိနေရင်လည်း ဟိုလိုလိုဒီလိုလိုနှင့် ထ ထွက်သွားတတ်သည်။
အခု ဖုန်းဆက်နေရင်း တန်းလန်းကျ ထွက်မသွားဘဲဟိုဘက်ကိုမျက်နှာလွှဲထား၏။

ရစ်ရင်း ပတ်ရင်း တွယ်တာမိသည်။(COMPLETED)Tempat cerita menjadi hidup. Temukan sekarang