"မောင် အဲ့ဒါဘာကြီးလဲ"
"မင်္ဂလာဆောင် လက်ဖွဲ့ဖို့လေ"
ခပ်ပြားပြား သဏ္ဌာန်ရှိတဲ့ အရာဝတ္တုတစ်ခုကို မောင်က
ကားထဲကာ ထုတ်လာသည်။"ဝိုးးလှလိုက်တာ...မောင်က အမြင်ရှိသားပဲ..."
"အနုပညာပြခန်းက မနက်က သွားဝယ်လာတာ မင်္ဂဆောင်က မနက်ဖြန်လေ မောင်တို့ ဒီနေ့မှ မဝယ်ရင် လက်ဗလာနဲ့ သွားရကိန်းရှိတယ်..."
"အွန်း.."
ပန်ချီပုံထဲတွင် ညှို့မှိုင်းနေတဲ့ ပတ်ဝန်းကျင်နဲ့ သစ်ပင်အကြီးကြီးအောက်မှာ ကောင်လေးတစ်ယောက်က ခပ်ဆွေးဆွေးလေး ထိုင်နေတဲ့ပုံ..။
"ဒါ ဘယ်လောက်ပေးရလဲ မောင်"
မောင်က တစ်ချက်စဥ်းစားလိုက်ပြီး
"ဒေါ်လာ ၅၈၀..အွန်း......၅၈၀"
(AN/ USD dollar 580လျှင် မြန်မာငွေ900000နီးပါးရှိသည်။)"ပန်းချီတစ်ချပ်ကို အဲ့လောက်ကျတာလား ...ငါပြန်ပေးမယ်"
သည်းငယ်ကို မကြိုက်တဲ့ အထဲတွင် ထိုအရာတွေပါသည်။
အမြဲတမ်း တစ်ခုခုဝယ်ပေးရင် ပိုက်ဆံပြန်ပေးဖို့ချည်းပဲ...၊ ဒီသောက အားနာလို့ ပြန်ပေးမယ်ဆိုရင်တောင် သူတို့နှစ်ယောက် သူစိမ်းတွေမှ မဟုတ်တာ ဘာ အားနာစရာရှိလို့လဲ..။"မင်း ပိုက်ဆံချမ်းသာကြောင်း မောင့်ကို ကြွားချင်တာလား"
"အဲ့လို မဟုတ်ပါဘူး မောင်ကလည်း ကိုကို့မင်္ဂလာဆောင်မို့"
"မင်းကိုကိုဆိုရင်...မောင့်ယောက်ဖလေ...မောင်တို့က သူစိမ်းတွေမဟုတ်ဘူး နောက်တစ်ခါ ပိုက်ဆံအကြောင်း မပြောနဲ့တော့ မင်းယောကျာ်းက ဘယ်လောက်ချမ်းသာလဲ သိလား မင်းလေး တစ်ကိုယ်လုံးကို စိန်စီပေးထားလို့ရတယ်"
"အပိုတွေ..."
မျက်စောင်းလေး ထိုးပြီးပြောလိုက်ပုံလေးက ဆွဲနမ်းချင်စရာ၊ ခက်တာက အိပ်ပျော်နေတာ မဟုတ်တော့ နမ်းဖို့ကလည်း မဖြစ်နိုင်ပေ။
ည ညဆို ခိုးပြီး နမ်းရတဲ့ ဒုက္ခတစ်မျိုး ၊ ခိုးပြီး ဖက်အိပ်ရတဲ့ ဒုက္ခကတစ်မျိုး အတော်လေး ဆိုးလှသည်။
VOCÊ ESTÁ LENDO
ရစ်ရင်း ပတ်ရင်း တွယ်တာမိသည်။(COMPLETED)
Romanceဆက်သူရမောင်🖤ဒီသောမိုဃ် မောင့်ဗိမ္မာန်(or)My Dear Mgကို Fic nameချိန်းထားတာပါ။