အပိုင်း{၈}

18.1K 1.2K 21
                                    

မောင်က ညနေပိုင်းခွင့်ယူကာအိမ်ကိုပြန်လာခဲ့သည်။

ထုံးစံအတိုင်းအိမ်မှာဘယ်သူမှမရှိ
ဒီသောက ဒီနေ့လည်း ရုံတတ်ပြန်ပြီထင်၏။

အိမ်ထဲဝင်သွားတော့ မီးဖိုချောင်တွင် အန်တီလှကဟင်းချက်နေပြီး သက်သက်က တောက်တိုမယ်ရ လုပ်ပေးနေသည်။

အပေါ်ထပ်အခန်းထဲဝင်လာကာ ကုတင်ပေါ်တွင်လှဲချလိုက်တော့ တစ်ဆက်တည်းခေါင်းအုံးနဲ့မွေ့ယာပေါ်က ကိုယ်သင်းနဲ့လေးတစ်ခု သင်းသင်းလေး ရနေသည်။
ယောကျာ်းလေးတစ်ယောက်ရဲ့ကိုယ်ကအနံ့အသက်က အဲ့လောက် စွဲမက်ဖွယ်ကောင်းစရာလား၊သင်းသင်းလေးမှ တကယ်ကိုသင်းသင်းလေးပင်။

ရေမချိုးရသေးတော့ လူကနုံးချိချိနဲ့မို့ အင်္ကျီချွတ်ကာ
ခါးတွင်တပတ်ပတ်ရင်း ရေချိူးမလို့ပြင်ရသည်။

"ဂျောက်...."

ရေချိုးခန်းတံခါးဖွင့်သံမို့ မောင်လှည့်ကြည့်လိုက်သည်။

"ဒီနေ့companyမသွားဘူးလား"

"အွန်း ဒီနေ့နားတယ်"

ဒီသောက စကားသာပြောနေတာ မောင့်မျက်နှာကိုမကြည့်၊

ဒီသောရဲ့ခဲရောင်bathrobeလေးက လျှောကျနေတော့ ရင်ဘက်ဝင်းဝင်းမွတ်မွတ်လေးက ပေါ်နေသည်။
ခြေသလုံးသားဖွေးဖွေးလေးနှင့် ရေချိုးပြီးစပန်းနုရောင်သန်းနေတဲ့မျက်နှာနုနုလေးက လှရက်လ်ိုက်လေခြင်း၊
မောင်ကပြောစရာစကားဘာမှမရှိတော့ဘဲ ဒီသောဆီကနေအကြည့်ကမခွာနိုင်ဖြစ်နေသည်။

"ဟို..မောင်..ရေချိုးမလို့မလား..ဝင်လေ"

ဒီသောက ကုတင်နားကိုသွက်သွက်လျှောက်သွားတော့မှ
မောင်က

"အင်း..သွားပြီနော်"

"ဟုတ် သွားလေ"

"အင်း အင်း"

ရေချိုုးမယ့်ကိစ္စကို တစ်နေရာရာသွားတော့မဲ့ လူတွေအတိုင်း တောင်စဥ်ရေမရပြောမိတဲ့ မောင်နဲ့ဒီသောရဲ့ဖြစ်ပုံကရီချင်စရာ။

မောင်ရေချိုးခန်းထဲကထွက်လာတော့ ဒီသောမရှိတော့
အောက်ကိုဆင်းသွားသည်။

"မောင် ဧည့်သည်ရောက်နေတယ် "

"အော် အင်းအင်းလာပြီ အင်္ကျီအရင်ဝတ်လိုက်အုံးမယ်"

ရစ်ရင်း ပတ်ရင်း တွယ်တာမိသည်။(COMPLETED)Where stories live. Discover now