အပိုင်း{၄}

19.2K 1.3K 20
                                    

ဒီသောမိုဃ်သည် ညဝတ်အင်္ကျီဖဲသာ ခဲရောင်ပျော့ပျော့ကိုဝတ်ကာ အိမ်စီးဖိနပ်အပါးတစ်ရံနှင့် ခြံထဲကိုဆင်းလာသည်။

စားသောက်ဝိုင်းက လူအားလုံးရဲ့အကြည့်က ဒီသောဆီမှာ

ဒီသောက သူ့ကိုမမြင်ဘဲ နောက်ခိုင်းထားတဲ့ ဆက်သူရမောင် လက်မောင်းကိုချိတ်လိုက်တော့ မောင်ကလှည့်ကြည့်လာသည်။

ထို့နောက် ဒီသောဝတ်စားထားပုံကို ခေါင်းအစခြေအဆုံးကြည့်ရင် မောင့်မျက်နှာကဒါသကြောင့်လားမသိ နီမြန်းလာ၏။
ဒီလိုဖြစ်နေတဲ့ မောင့်မျက်နှာကိုဒီသောက သေချာစိုက်ကြည့်ရင်း ဟက်ခနဲရီကာ

"မောင်ကလည်း မမြင်ဘူးတဲ့လူတွေအတိုင်း"

မောင့်ရင်ထဲတွင် ထူပူနေသည် ။
အရင်လိုနာမည်ဖြစ်ရုံ ခေါ်တာမဟုတ် တမင်ချွဲကာခေါ်လိုက်ချင်းဖြစ်သည်။
စိတ်တိုနေတဲ့ကြားထဲကနေ ဒီသောအပြုံးကိုနှစ်ချိုက်စွာငေးမောမိပြန်သည်။

ဒီသောကမောင့်လက်ကိုတွဲရင်း ဧည့်သည်တွေဘက်လှည့်ကာ

"ဟိုလေ ဒီနေ့ ကျွန်တော်တစ်မနက်လုံး ဧည့်ခံထားရတာကြောင့်ပင်ပန်းနေလို့ အားနာပေမယ့် ကျွန်တော်အရင်သွားနားချင်လို့ "

တဖန် ဒီသောက မောင့်ဘေးနားက မိန်းမပျိုဘက်လှည့်ကာ

"ဒီကမိန်းကလေးကိုပဲ အကူအညီတောင်းပါရစေ ကျွန်တော်အမျိုးအသားကို ကူဧည့်ခံပြီး ပါရမီဖြည့်ပေးလိုက်နော်၊ ဒါဆို ခွင့်ပြုပါအုံးနော် တကယ်ပင်ပန်းနေလို့ပါ အခွင့်ကြုံရင် ပြန်ဧည့်ခံပေးပါ့မယ်"

မောင်က ဒီသောမျက်နှာကိုသာ စိုက်ကြည့်နေသည်
သူနဲ့တစ်ခါလေးတောင် ဒီလိုချိုချိုသာသာမပြောဖူးတဲ့ သူကလူအများရှေ့မှာ ချွဲသလိုလုပ်ပြောနေတာ အမြင်ကပ်လှသည် ဒါထက် သူဖိတ်ထားတဲ့ သူငယ်ချင်းတွေကလည်း
ဒီသောဆီက မျက်နှာမခွာနိုင်။

"မဟုတ်တာ..အားနာစရာမလိုပါဘူး ပင်ပန်းနေတာပဲ
နားပါ နောက်တစ်ခါကြုံလို့ ဧည့်ခံရင် ပျော်ပျော်ကြီး လက်ခံပါမယ်" ဆိုပဲ

ဒီသောက တွဲထားတဲ့မောင့်လက်မောင်းကို ပွတ်သပ်ကာ

"ငါအရင် သွားနားနှင့်မယ်နော် မောင်"

ရစ်ရင်း ပတ်ရင်း တွယ်တာမိသည်။(COMPLETED)Donde viven las historias. Descúbrelo ahora