အပိုင်း{၃၀}

19.9K 1.1K 28
                                    

မောင်နိုးလာတော့ ရင်ခွင်ထဲတွင် သဲငယ်ရှိမနေတော့။

သန့်စင်ခန်းထဲမှာ ထင်ရသည်။
အရင်က သဲငယ် ထ လိုက်တာနဲ့ တန်းနိုးပေမယ့် ဒီနေ့  တစ်နေ့လုံး ပင်ပန်းလာတာကြောင့် နှစ်နှစ်ခြိုက်ခြိုက်အိပ်ပျော်သွားခဲ့တာဖြစ်သည်။

မောင်က ရေချိုးခန်းတံခါးကို ခေါက်ကာ

"သဲငယ်....သဲငယ် .....ဘာလို့ တံခါး လော့ခ်ချထားတာလဲ "
" သဲငယ် စိတ်ဆိုးနေတာလား မောင်တောင်းပန်ပါတယ် နောက်တစ်ခါ မောင် အဲ့လို လေသံနဲ့ မပြောတော့ဘူးနော် "

မောင့်စိတ်ထဲတွင် သဲငယ်က ဟိုနေ့ညက အသံမာမာနဲ့ ပြောလ်ိုက်မိလို့ သူ့က်ို စိတ်ဆိုးနေတာဟု ထင်သွားမိသည်။

"မောင်...မောင့်!!!!"

"ဟင် "

ရုတ်တရက် သဲငယ်အသံက အောက်ထပ်ကနေ ထွက်လာသည်။
ပထမ တစ်ခေါက်ခေါ်သံက မသဲကွဲသော်လည်း နောက်တစ်ခေါက် ခေါ်သော အသံသည် ပြာနေ၏။

မောင်က ကမမ်းကယမ်းနှင့် အခန်းထဲကနေ ပြေးထွက်ကာ
သဲငယ်ဆီကို ရောက်သွားသည်။
လှေကား အောက်​​ခြေတွင် ခွေပြီးလဲနေသော သဲငယ်၊ လက်ကလည်း ဗိုက်ကို ဖိထားသေး၏။
ထိုမြင်ကွင်းကို ကြည့်ကာ မောင့်မျက်လုံးတွေ ပြာဝေလာသည်။
လှေကားအောက်နားက သဲငယ်ဆီကို သူဘယ်လိုဘယ်လို ရောက်သွားလဲပင် မသိလိုက်တော့။

ဒီသော ခန္ဓာကိုယ်လေးကို မောင်က အသာပွေ့ယူပြီး မတ်တပ်ထရပ်လိုက်သည်။

"အန်တီလှ! အန်တီလှ"

ညသန်းခေါင် အချိန်မို့ မောင့်အသံက ဟိန်းထွက်နေသည်။
ရုတ်ရုတ်သဲသဲနှင့် မောင်တစ်ယောက်ထဲ ကမ္ဘာပျက်မတတ်။
ချက်ခြင်းပင် အန်တီလှနဲ့ သက်သက်တို့လည်း အဆောင်ဘက်မှ ပြေးထွက်လာကြသည်။

"ဆေး..ဆေရုံကား အမြန်ခေါ် ..."

"သဲငယ်....သဲငယ် မောင်ခေါ်တာကြားလား...ဟင် "

မောင်သည် ဒီသောကို ပွေ့ရက်သားနှင့်ပင် အလောတကြီးမေးနေ၏။
မောင်က ဒီသာ နှာခေါင်းနားကပ်ကာ အသက်ရှုသံကို ခံစားကြည့်လိုက်သည်။
တော်သေးတာက သဲငယ်က သတိမလစ်သေးပေ။
သူ့ရင်ခွင်ထဲတွင် ပါးပြင်အပ်ထားရင်း ရင်ဘတ်က အင်္ကျီစကို ဆွဲထား၏။

ရစ်ရင်း ပတ်ရင်း တွယ်တာမိသည်။(COMPLETED)Where stories live. Discover now