အပိုင်း{၂၂}

18.8K 1.2K 17
                                    


ရောင်ခြည်တွေဖြာဝေနေတဲ့ နွေရာသီ မနက်ခင်းလေးတစ်ခုမှာ ချစ်ရသူကို ရင်ခွင်ထဲထည့်ဖက်ထားရင်း နိုးထလာခဲ့သည်။ နေ့သစ်ကို အစပြုဖို့ ဒီလူသားလေး မျက်နှာ မြင်ရရုံနဲ့တင် အင်းအာတွေရှိနေမိပါသည်။
အိပ်မောကျနေတဲ့ သဲငယ်၏ နှဖူးပြင်လေးကို နမ်းရှိုက်ရင်း ပလာစတာကပ်ထားသော နေရာလေးကိုလည်း နှုတ်ခမ်းနဲ့ ဖွဖွလေး ထိတို့လိုက်၏။

အသက်ရှုသံမှန်မှန်နဲ့ အိပ်မောကျနေသော သဲငယ် မနိုးမချင်း ရင်ခွင်ထဲမှာ ထည့်ထားချင်ပေမယ့်...သူ့အတွက် လုပ်စရာအလုပ်တစ်ခုက ပိုလာပြီဖြစ်သည်။

မောင်က ဒီသောခေါင်းကို ​ဖြေးညင်းစွာ ခေါင်းအုံးပေါ်တွင် ချပေးကာ ခေါင်းအောက်က လက်မောင်းကို အသာဖယ်ရင်း ခြေသံတိုးတိုးဖြင့် ကုတင်ပေါ်ကနေဆင်းခဲ့သည်။

မျက်နှာသစ် သွားတိုက်လုပ်ပြီး ဒီသောအတွက် အဆင်သင့်သွားတိုက်ဖို့ ဆေးထည့်ကာ ဘေစင်ဘောင်ပေါ်တွင် တင်ထားလိုက်သည်။
ထို့နောက် အောက်ထပ်ကို ဆင်းလာပြီး ဆန်းဒဝှစ်ရှ်ကို သေချာလုပ်ကာ ပဲနို့ပါ ထည့်ထားပြီး အပေါ်ထပ်ကို ပြန်တတ်လာခဲ့၏။

"ဒီသော...ဒီသော...ထတော့လေ..."

"အင်းးး"

အိပ်ယာက နှိူးတော့လည်း ချစ်ရသူအလိမ္မာလေးက ငြင်းဆန်ခြင်းမရှိ...အိပ်ယာထပ်တွင် လူးလွန့်ရင်း ထလာခဲ့သည်။

"မင်း ဒီမှာပဲ ထိုင်နေနော် မောင် မျက်နှာသစ်ဖို့ ရေနဲ့ သွားတိုက်တံယူလာခဲ့မယ်..."

"မောင် ဘာတွေလုပ်နေတာလဲ..ငါကအခုနေမကောင်းတဲ့သူမဟုတ်ဘူးလေ....အဲ့လောက်ထိ လိုက်လုပ်ပေးစရာမလိုပါဘူး...မောင်ပင်ပန်းလို့...ဆေးရုံလည်း သွားရအုံးမယ်လေ.."

"မပင်ပန်းပါဘူးကွာ...မောင်က ဒီလိုလုပ်ပေးချင်တာ...ပြီးတော့လေ.."

မောင်က တစ်ခုခုကို တောင်းဆိုမယ့် ပုံစံမျိုး
ဒီသောက မောင်ပြောမယ့်စကားကို နောက်ကနေလိုက်ပြီး

"အင်း.. ပြီးတော့ဘာဖြစ်လို့လဲမောင်"

"မင်းကို ချုပ်ခြယ်တာ မဟုတ်ပေမယ့် companyမသွားဘဲ အိမ်မှာဘဲ စရင်းဇယားတွေလုပ်ပြီး ထက်ဦးသာနဲ့လွှဲထားစေချင်တယ်... ဒါပေမယ့် မင်းသဘောပါ..မောင်ဖြစ်စေချင်တာကို ပြောတာ...ကိုယ်ဝန်နဲ့ တစ်ခုခုထိခိုက်တာဖြစ်မှာစိုးလို့.....ကိုယ်ဝန်ဆောင်တယ်ဆ်ိုတာ မိန်းကလေးတွေအတွက် သာမန်ကိစ္စဆိုပေမယ့် ယောကျာ်းလေးဖြစ်တဲ့ မင်းအတွက်တော့ မလွယ်ဘူး...အစစ အရာရာ ဂရုစိုက်ရမယ်..."

ရစ်ရင်း ပတ်ရင်း တွယ်တာမိသည်။(COMPLETED)Donde viven las historias. Descúbrelo ahora