အပိုင်း{၂၉}

17.8K 1.1K 39
                                    

အချစ်ရှိရာ အရပ်မှာ ပန်းပွင့်တယ်တဲ့
မောင်က အဲ့ပန်းပွင့်လေးဆို
ငါက မောင့်ဘေးနားမှာ
အမြဲတမ်း ရစ်သီနေမယ့် လိပ်ပြာလေးလို....
မောင့်နားမှာပဲ ပျံဝဲပြီး မောင့် အပါးမှာပဲ ခိူလှုံချင်တယ်။

"လူကြီးမင်း ခေါ်ဆိုသော ဖုန်းနံပါတ်မှာ သတ်မှတ်ချိန်အတွင် ပြန်လည်ဖြေကြားခြင်း မရှိပါရှင်"

"မရဘူးလား"

"အွန်း သူကိစ္စတစ်ခုခုရှိလို့နေမယ် တော်တော်ကြာမှာ ပြန်ဆက်ကြည့်လိုက်မယ်"

" အိမ်ကျမှ ထမင်းစားမယ်မလား ကျွန်တော် မလာခင်က ချက်ခဲ့တယ်"

"ဟင် ကလေးဝင်ချက်တာလား"

"မဟုတ်ပါဘူး အမေ့ကို ကူချက်ပေးတာ"

"အလိမ္မာလေး အဲ့ဒါကြောင့် မေမေက သူ့သားထက် သားမက်ကို သဲသဲလှုပ်နေတာ "

"ဟီး အမေတို့ချစ်လို့ ကျွန်တော်လည်း ပျော်ပါတယ်"

"အမေက ဒီသောကို တစ်လ တစ်ခါတောင် အိမ်ကိုမလာလို့တဲ့ သားမက်ဖြစ်တဲ့သူတောင် ခဏခဏလာပြီး သူ့သားတော်လေးက မလာလို့လေ  သူရက တစ်ပတ်တစ်ခါလောက် အမေ့ဆီကိုအမြဲလာတယ် မုန့်တွေလည်း တောက်လျှောက်ဝယ်လာလို့ အမေတောင် မဝယ်လာပါနဲ့လို့ပြောယူရတယ်"

"အွန်းနော် ဒေါက်တာက အစ်က်ို့က်ို တော်တော်ချစ်တာ အပြင်တောင် ခဏခဏခေါ်မသွားဘူး ကိုယ်ဝန်ကြီးနဲ့မို့ စိတ်ပူလို့တဲ့ ၊ အမေ့ဆီလာလည်တာတောင် အစ်ကို မသိဘူးထင်တယ် "

"သူတိူ့ချစ်ကြတာ ခဏထားလိုက် ကလေးရော ကိုကို့ကိုချစ်လား"

"အွန်းမ် "

"ချစ်တယ်လို့ပြော"

"မပြောချင်ဘူး ချစ်တယ်ဆိုရင် ကိုကိုဘာလုပ်မလဲ ဆိုတာသိတယ် "

"မလုပ်ပါဘူးကွာ ကားထဲကြီးမှာ"

ထက်ဦးသာက ခေါင်းလေးညိတ်ကာ

"အွန်း ချစ်တယ်"

"ပြွတ်စ် "

အတင်းနှုတ်ခမ်းကို ကိုက်ဖဲ့မတတ်နမ်းလာတဲ့ ကိုကို့ရင်ဘတ်ကို ထက်ဦးသာက ထုရိုက်လိုက်၏။

ရစ်ရင်း ပတ်ရင်း တွယ်တာမိသည်။(COMPLETED)Onde histórias criam vida. Descubra agora