(ဇာတ်သိမ်းပိုင်း)

34.7K 1.3K 55
                                    

"သားအိပ်ပျော်သွားပြီလား"

"အွန်း "

ဒီသောက သားလေးရဲ့ ဆံပင်ထွေးအိအိလေးကို ပုပ်ရင်းပြောသည်။

မောင်က ဒီသောနားတွင် ဝင်ထိုင်ကာ သားရဲ့ပါးနုနုလေးကို ဘယ်ပြန်ညာပြန်နမ်းပြီး တစ်ဆက်တည်း သားဘေးတွင် ထိုင်နေသော ဒီသောကိုယ်လေးကိုပါ ပွေ့ချီလိုက်၏။
အလိုက်သင့် သူ့လည်တံကို သိုင်းဖက်လာသော လက်သွယ်သွယ်လေးကြောင့် မောင်ပြုံးလိုက်မိသည်။
ထို့နောက် ကုတင်ပေါ် အသာချပေးရင်း

"ဒီနေ့ ဘာနေ့လဲ သိတယ်နော် သဲငယ်"

ဒီသောက မဖြေ...မျက်နှာကို ငုံ့ထားသည်။

"မရှက်နဲ့လေကွာ ဒီနေ့မောင်တို့ အဟင်း"

မောင်က တမင်ချောင်းဟန့်ကာ ဒီသောမျက်နှာလေးကို မေးရိုးကနေကိုင်ကာ အနီးကပ်မြင်နေရသော နှုတ်ခမ်းရဲရဲလေးကို ဖိကပ်လိုက်သည်။

"သဲငယ် မေ့နေတာလား မောင်တို့က နှစ်ရက်ခြားလေ"

"အွန်း...မ မေ့ပါ ဘူး"

"ပြွတ်စ် အင်းး"

မောင်က နူးညံ့အိထွေးသော နှုတ်ခမ်းသားလေးကို အချိန်အတော်ကြာ နမ်းရှိုက်ကာ ဖြောင့်စင်းနေသော လည်တံလေးတစ်လျှောက်ကို မနာမကျင် စုပ်ယူနမ်းရှိုက်ကာ တစ်စုံတစ်ခုကို လိုချင်တပ်မက်စွာ ရယူလေသည်။

ရင်ဘတ်တစ်နေရာက ပန်းနုရောင် ဧရိယာတစ်ဝိုက်နှင့် ပြားချပ်ချပ် ဗိုက်သားပြင်လေးတွေနှင့် ခါးကျင်ကျင်လေး
အား နေရာအနှံ့ မက်မောစွာနမ်းရှိုက်ယူရင်း သူ့ဆန္ဒ၊ သူ့နှလုံးသားနဲ့ သူ့ရဲ့လိုချင်တပ်မက်မှု အရာအားလုံးသည် သဲငယ်ဆီကနေ ဖြစ်တည်လာတာမို့ သဲငယ်ဆီတွင်သာ ပြီးမြောက်ခဲ့လေသည်။

.
.
.
.
မှန်ပြတင်းပေါက် နေရောင်ခြည် ဖြန့်ကျဲနေရာ ကုတင်ပေါ်တွင် အိပ်နေသော လူသားနှစ်ဦးပေါ်သို့ ကျရောက်နေသည်။

မောင်သည် ဒီသောရဲ့ ကျောပေးထားသော ကိုယ်လေးကို ရင်ခွင်ထဲတွင် တင်းကျပ်နေအောင် နေရာလွတ်မပေးဘဲ ဖက်ထားလေသည်။
ညက သူရဲ့ အချစ်ကြမ်းမှုကြောင့် ပင်ပန်းနေသော ကိုယ်ငယ်လေးကို မြတ်နိုးစွာ ဖက်ထားရင်း ကျောပြင်အနှံ့ကို ဖွဖွလေး လိုက်နမ်းနေတော့ သူ့အသည်းအသက်လေးက လှုပ်လှုပ်ရွရွဖြစ်လာသည်။

ရစ်ရင်း ပတ်ရင်း တွယ်တာမိသည်။(COMPLETED)Onde histórias criam vida. Descubra agora