VITAMIN(6✨)

665 102 2
                                    

ကော်ဖီခွက်နှစ်ခွက်ကိုင်ကာ Yoongiဆီလျှောက်လာတဲ့သူ(Hoseok)

ကမ်းပေးတဲ့ ကော်ဖီခွက်ကို ယူကာ Yoongiသောက်လိုက်သည်

ကော်ဖီသောက်နေတဲ့ထိုလူသားကို Yoongiငေးကြည့်ရင်းး

ဘေးတ်ိုက်မြင်နေရတာတောင် သူ့ရဲ့အပြုံးက သိပ်တောက်ပလွန်းတယ် ကျနော့ရဲ့ ဗီတာမင်လေး

တဖြည်းဖြည်းချင်းကျနော့်ဘက်လှည့်လာတဲ့သူ

"hyg ကိုပြန်တွေ့ရတာ ကျနော်အရမ်းပျော်တာပဲ"

သူ့စကားကို နားမလည်လို့ ကြောင်တောင်တောင်လေးနဲ့ကြည့်နေတဲ့ ကြောင်ပေါက်လေးကို Hoseok အသဲယားမိတာ အမှန်

"ဒါ ကျနော်တို့ရဲ့သုံးကြိမ်မြောက်တွေ့ဆုံမှုပဲ hyg သိလား"

သူ့အမေးကို ခေါင်းခါပြတဲ့ Yoongi

"ဟား ဟား"
Hoseokရီကာ

"ကျနော့်နာမည် Jung Hoseokပါ Yoongi hyg"

"မင်းကငါ့နာမည်ကို သိနေတယ်ဆိုတော့ ငါမိတ်ဆက်စရာမလိုတော့ဘူးပေါ့"

"အင်း Hyg
စဥ်းစားစရာတော့လိုလိမ့်မယ်"

"ဘာကိုလဲ"

"ကျနော့်ကို ပြန်ချစ်နိုင်မလားဆိုတာကို"

"ဘာ"

"အား ဖြေးဖြေးအော်ပါဗျ"

"မင်းဘာစကားပြောလိုက်တာလဲမင်းသိလား"

မျက်ခုံးနှစ်ခုတို့ ထိလုမတတ် တွန့်ချိုးထားတဲ့ထားတဲ့ ကြောင်ပေါက်လေး

"ဆိုတော့က ဒေါသထွက်သွားတာလား
hyg ကလေစိတ်ဆိုးတဲ့ပုံစံလေးတောင် ချစ်စရာလေး ဟားဟား "

ကျနော့်ရဲ့ ပါးတစ်ဖက်ကို ဖျစ်ညစ်ကာ ရီနေတဲ့ Jung Hoseokဆိုတဲ့ လူသား

"yarr ငါ့ပါးကိုလွှတ်"
သူ့ လက်ကိုဖယ်ထုတ်လိုက်သည်

"မင်းပြောတော့ သုံးကြိမ်မြောက် တွေ့ဆုံမှုဆို ငါတော့မင်းနဲ့ ခုမှ တွေ့ဖူးတယ်ထင်တာပဲ"

ဟုတ်တယ်လေ အရင်က Seoulမှာတုန်းကဆို ကိုယ်ကပဲ သူ ကတာ ကိုကြည့်နေရတာ သူကကိုယ့်ကို လူအများကြီးထဲမှာ မြင်မှာတောင် မဟုတ်ဘူး

VITAMIN (Completed)Where stories live. Discover now