VITAMIN(11✨)

443 79 10
                                    

"ထယ်ယောင်းကော ဂျောင်ကုကော ဆိုးလ်ရောက်ရင် အစစအရာရာဂရုစိုက် ကျန်းမာအောင်နေ"

ဂျောင်ကုနဲ့အတူတူ ဆိုးလ်ကိုပြန်မယ့် ထယ်ယောင်းကို ဟိုဆော့နဲ့ယွန်းဂီက လိုက်ပို့ရင်း ယွန်းဂီက မှာတမ်းခြွေနေခြင်း

"စိတ်ချပါ ဂီHyungရဲ့ hyungလဲ ဂရုစိုက်နော် ထယ်လွမ်းနေမယ်"

ငိုမဲ့မဲ့မျက်နှာလေးနဲ့ပြောကာ သူ့အကိုကိုဖက်နေတဲ့ အကောင်ပေါက်ကို ဂျောင်ကုမှာ အသဲတယားယား

"ဖြေးဖြေးကြည့် ဖြေးဖြေးကြည့် မျက်လုံးကြီးကျွတ်ထွက်ကျမယ်"

ဘေးကနေ ဟိုဆော့က ပခုံးပုတ်ပြောတော့မှ ဟီးခနဲရီပြတဲ့ ဂျောင်ကု

"ဂျောင်ကု မင်းကမအားတဲ့သူမှန်းသိပေမဲ့ ထယ်ယောင်းလေးအတွက်လဲ အချိန်ပေးစေချင်တယ်"

"စိတ်ချပါ ယွန်းဂီhyungရဲ့ ကျနော်ကလေ ဖြစ်နိုင်ရင် ယောင်းကို တချိန်လုံးဘေးနားခေါ်ထားပြီး တစိမ့်စိမ့်~ ထိုင်ကြည့်နေချင်တာ"

ဂျောင်ကုရဲ့ စကားကြောင့် ထယ်ယောင်းတယောက် ရှက်သွားသလိုဖြစ်သွားပြီး ဟိုဆော့ကတော့ သောက်ပိုတွေဆိုတဲ့ မျက်နှာထားနဲ့ ကြည့်နေသည် ယွန်းဂီကတော့ ဟိုဆော့ကိုကြည့်ပြီးရီလျက်

"ကဲပါ ကားထွက်တော့မယ် တက်ကြတော့"
ယွန်းဂီရဲ့ဆော်သြမှုနဲ့ နှစ်ယောက်လုံးကားပေါ်တက်သွားကြသည်

ထွက်သွားတဲ့ ကားပေါ်ကနေ ထယ်ကုနှစ်ယောက်က
"အာညော်" "အာညော်"
တာ့တာပြပြီး နှုတ်ဆက်သလို

ယွန်းဆော့ နှစ်ယောက်ကလဲ လက်တို့ဝေ့ဝဲပြလျက် ~

_ _ _ _ _ _ _ _ _ _ VITAMIN

"အား ပင်ပန်းလိုက်တာကွာ
ယောင်းဆီဖုန်းဆက်ဦးမှ "

You are the cause of my euporia~~~~~~🎶

ထွက်လာတဲ့သီချင်းသံကြောင့် ထယ်ယောင်းဖုန်းအမြန်ကိုင်ကာ

📱ဟဲလို ကု
ရှူတင်ပြိီးသွားပြီလား အရမ်းပင်ပန်းနေလားဟင်

📱အာ ယောင်းအသံလေးကြားလိုက်ရတော့ အမောပြေသွားတာပဲဗျာ

📱ဟွန့် အပိုတွေ ဒီညနေ ထယ့်အိမ်ဝင်ခဲ့ ကုကို ညစာချက်ကျွေးမလို့

VITAMIN (Completed)Where stories live. Discover now