VITAMIN(16✨)

375 63 2
                                    

"ဘာလို့လဲ"
ဒီတခါ အသံထွက်လာသူကတော့ ဂျောင်ကု

"ဘာလို့ သူ့အေဂျင်စီနဲ့ပေါင်းလုပ်ရမှာလဲ ကျနော်တို့ Entကနာမည်ရပြီးသားပဲ ဥစ္စာ"
ဂျောင်ကုက မေးတော့

"ဟုတ်တယ် အ့တာကြောင့်ပဲ ... မီနာ့ရဲ့အေဂျင်စီအသစ်ကို မိတ်ဆက်ချင်လို့ နာမည်ရပြီးသား JKတို့နဲ့အတူပူးပေါင်းချင်တာလေ"
ဘန်ရှီစွတ်အစား ဝင်ဖြေတဲ့ အမြင်ကတ်စရာထိုမိန်းမ ... ခေါင်းမှာဆောင်းထားတဲ့ ဦးထုပ်အနက်ရောင်အဝိုင်းကြီးကလဲမြင်ရတာကိုးလိုးကန့်လန့် ပြီးတော့မပူဘူးလားမသိ လက်မှာလက်အိပ်အနက်ရောင်တွေစွတ်ထားသေး

သူ့ကိုယ်သူတော့ ဖက်ရှင်ကျလှပြီဆိုတဲ့စတိုင်နဲ့ထိုင်နေပေမယ့် မြင်နေရသူတွေအဖို့တော့ အမြင်ကတ်ချင်စရာ

"ဟုတ်ပါတယ် ... တော်တော်များများလဲစီစဥ်ပြီးနေပြီ နောက်လဆိုရင်ပဲ Comebackလေ ပြသနာမရှာစမ်းပါနဲ့ ဂျောင်ကုရယ်"

ဘန်ရှီစွတ်ဝင်ပြောတော့မှ သိပ်မကျေနပ်ဟန်နဲ့ကျစ်စုတ်ပြီး တဖက်လှည့်သွားတဲ့ ဂျောင်ကု

ယွန်းမီနာဆိုတဲ့သူမကတော့ အောင်နိုင်သူလို ပြုံးလို့

ယွန်းဂီစိတ်ထဲမှာတော့ သူမနဲ့ ဆော့ကီကိုစိတ်မချပေမယ့် သူဆော့ကီကိုယုံကြည်ရမယ်လေ

*ဘာပြသနာမှ ဖြစ်မလာဖို့ မျှော်လင့်ရမှာပေါ့*

_ _ _ _ _ _ _ _ _ _ _ VITAMIN

"ယွန်းဂီရဲ့အဖေကော နေကောင်းရဲ့လား"

"ကောင်းပါတယ် ... အဖေက ဆရာ့ကိုလဲ ကျေးဇူးတင်ကြောင်း သတိရကြောင်းတွေပြောခိုင်းလိုက်တယ်"

"အေးကွာ ငါလဲသတိရပါတယ် ...နောက်အားတော့ ယွန်းဂီတို့ဆီ လာလည်ဦးမယ်"

"Nae ... ဒါဆို ကျနော်ပြန်လိုက်ဦးမယ်နော် ဆရာ ... ကားချိန်နီးနေပြီမလို့"

"အေး ဂရုစိုက်သွား"
ယွန်းဂီတယောက် ဒယ်ဂူမပြန်ခင် ဆိုးလ်အမျိုးသားဆေးရုံကို ဝင်ကာသူ့ဆရာဖြစ်သူ ဆေးရုံအုပ်ကို ဝင်နှုတ်ဆက်နေသည်

ထို့နောက်အခန်းထဲက ထွက်လာတော့ ဆေးရုံရှေ့မှာ ဂျူတီကုတ်လေးဝတ်ထားတဲ့ ထယ်ယောင်းနဲ့တွေ့သည်

VITAMIN (Completed)Where stories live. Discover now