VITAMIN(9✨)

569 82 17
                                    

"ဦးလေးတို့ပြန်လာကြပြီ ထင်တယ် သားသွားကြည့်လိုက်မယ်"

ဟိုဆော့အမေနဲ့ ထယ်ယောင်းတို့ဟင်းချက်နေတာကို သွားရှုပ်နေတဲ့ ဂျောင်ကု တစ်ယောက်

ဟိုဆော့တို့အသံကြားမှ အပြင်ထွက်ကြည့်တော့သည်

"ဦးလေး~~~"
ဟိုဆော့ အဖေဆီပြေးဖက်တဲ့ဂျောင်ကု

"ဂျောင်ကုကီးက တော်တော်တောင်ထွားလာတာပဲ သေးသေးလေးမဟုတ်တော့ဘူး"

"လူကသာ ထွားတာ စိတ်ကကလေးစိတ်"
ဟိုဆော့ ဝင်ပြောတဲ့ စကားကြောင့် ဂျောင်ကု တစ်ယောက် ဟိုဆော့ကို မျက်စောင်းထိုးလျက်

"ဒါနဲ့ ဂျောင်ကု ထယ်ယောင်းကော
သူအဆင်ပြေရဲ့လား"
ယွန်းဂီက ဝင်မေးတော့

"nae ပြေပါ့ ပြေတာမှ တော်တော်ပြေတာ တီလေးကလေ ယောင်းကို မြင်ပြီးထဲက ကျနော့်ကိုမေ့သွားတာ ကျနော့် Banana milkတွေလဲ ယောင်းကိုအကုန်ချတိုက်တာ ဟွန့် ထယ်လေး ထယ်လေးနဲ့ပဲ ကျနော်နဲ့တောင်စကားမပြောတော့ဘူး
ခုလဲ မီးဖိုထဲမှာ ညစာအတွက် တူတူချက်ပြုတ်နေကြတယ်လေ ကျနော်သွားကူတာတောင် တီလေးက အော်ထုတ်တာ"

ဂျောင်ကုအပြောကို သုံးယောက်လုံးက ရီလျက်

"အမယ်လေး ကူညီတာက နဲနဲ နှိုက်စားနေတာက များများ"
ဟင်းပွဲတွေကို ထမင်းစားစားပွဲပေါ်ချခင်းကာ လှမ်းအော်ပြောတဲ့ ဟိုဆော့ အမေ

"ကဲအဖေကြီးတို့ ခြေလက်ဆေးပြီး ထမင်းဝင်စားကြ အော် သားယွန်းဂီလေးလဲ ပါလာတာကိုး"

"ဟုတ်ကဲ့ ကျနော့်ညီလေးကို လာကြည့်တာ အန်တီတို့ကို အနှောင့်ယှက်ပေးမိပြီ"

"မဟုတ်တာကွယ် ယွန်းဂီလေးရဲ့ ညီဆိုတော့ ဂရုစိုက်ပေးရမှာပေါ့ ပြီးတော့ ထယ်လေးကလဲ ချစ်စရာကောင်းပြီး လိမ္မာရေးခြားရှိတယ် အကူညီလဲရပါ့တော် ဂျောင်ကုကီးတို့နဲ့များ တခြားစီ"

"တီလေးနော် "

'ဟား ဟား ဟား'

ညစာ စားပွဲဝိုင်း,
"ယွန်းဂီရဲ့ညီက ယွန်းဂီလိုအချောလေးပဲ"
မစ္စတာဂျောင်ခေါ် ဟိုဆော့အဖေက ထယ်ယောင်းကို ကြည့်ပြီးပြောသည်

VITAMIN (Completed)Where stories live. Discover now