VITAMIN(15✨)

418 60 14
                                    

ဟိုဆော့ Debutဖို့ ဆုံးဖြတ်ချက်ချခဲ့တယ်

ယွန်းဂီလဲ သူ့အဖေကို ထိုအကြောင်းတွေပြောပြီး ဟိုဆော့ကို ဆိုးလ်လိုက်ပို့ဖို့ပြင်တော့တယ်

ဂျောင်ကုရဲ့ကားလေးနှင့် သူတို့လေးယောက် ဆိုးလ်ကိုထွက်ခဲ့ကြတယ်

ပုံမှန်အရှိန်လေးနဲ့မောင်းနှင်နေတဲ့ ထိုကားလေး ... ကားလေးထဲမှာ ချစ်သူအချင်းချင်းကြည်စယ်မှုတွေ အချင်းချင်းနောက်ပြောင်မှုတွေဖြင့် ရယ်မောသံများလွှမ်းခြုံလျက်။

"ကဲ ရောက်ပါပြီ ... Hyungတို့အရင်ဆင်းနေခဲ့ကြ ကျနော် ယောင်းကို လိုက်ပို့လိုက်ဦးမယ်"

ဂျောင်ကု အပြောကို ဟိုဆော့တို့ခေါင်းငြိမ့်ကာ ကားပေါ်ဆင်းခဲ့ကြသည်

ယွန်းဂီကားတံခါးကိုပိတ်ပြီး ထယ်ယောင်းထိုင်နေတဲ့နားက တံခါးနားသွားကာ

"ကောင်းကောင်းသွားကြ ... Hyungဒယ်ဂူကိုမပြန်ခင် ထယ်ယောင်းဆီဝင်ခဲ့မယ် .. ဆရာ့ကိုလဲ နှုတ်ဆက်ချင်သေးလို့" (ဆိုးလ်ဆေးရုံက ယွန်းဂီရဲ့ဆေးရုံအုပ်ဆရာပါ)

"Nae hyung .. မျှော်နေမယ်"

ထို့နောက်ထွက်သွားတဲ့ ကားလေးကိုကြည့်ကာ ယွန်းဂီတို့လဲ Big Hit Entertaient လို့အမည်ရတဲ့ ထိုအဆောက်အဦးကြီးပေါ်သို့တက်ခဲ့လိုက်သည်

သူတ်ို့ ဦးတည်သွားရာအခန်းမရောက်ခင် လမ်းတလျောက်က ပိုစတာတွေကို ယွန်းဂီငေးကြည့်နေမိသည်

" ဟာ! BTSပဲ"

BTS posterလဲမြင်ရော ချက်ချင်းပြေးကာ ဆယ်လ်ဖီဆွဲပါတဲ့ မင်ယွန်းဂီ ... ဟိုဆော့ကတော့ ရယ်ရင်းသာကြည့်နေသည်

"ရား ဆော့ကီ .. ဓာတ်ပုံရိုက်ပေးဦး"

ဟိုဆော့လဲ ခေါင်းတခါခါဖြင့် Hyungလေးကမ်းပေးတဲ့ ဖုန်းကို ယူကာ စိတ်ကြိုက်ပုံတွေရိုက်ပေးလိုက်သည်

"အိုက်ဂူး ငါ့ရဲ့ဗီတာမင်လေးက ဓာတ်ပုံရိုက်တာလဲ တော်လိုက်တာ"

ပုံတွေကြည့်ကာ သဘောတကျပြုံးရင်း သူ့ကိုငုံ့ကြည့်ပြီး အဒေါ်ကြီးလေသံလိိုလိုနဲ့ပြောနေတဲ့ကြောင်ပေါက် ...

VITAMIN (Completed)Donde viven las historias. Descúbrelo ahora