VITAMIN(21✨)

484 64 37
                                    

"လူနာကိုတော့ ကယ်လိုက်နိုင်ပါတယ် ဗိုက်ထဲက ကလေးအတွက်တော့ စိတ်မကောင်းပါဘူး"

"သမီးလေးအသက်ရှင်ရင်ရပါပြီ ကျေးဇူးပါ ဒေါက်တာ"

"ကျနော့်ကို ကျေးဇူးတင်ရမှာမဟုတ်ပါဘူး ဒေါက်တာယွန်းဂီရဲ့ကျေးဇူးကြောင့်ပါ ...အခုလိုထူးချွန်တဲ့ ဆရာဝန်က ကူညီပေးလို့သာ ခင်ဗျားသမီးအသက်ရှင်ရတာပါ"

ထိုဒေါက်တာက ပြောပြီးထွက်သွားတဲ့နောက် ခွဲခန်းထဲက ထွက်လာကာ လူနာကို ပြောင်းရွှေ့ဖို့နဲ့ ဘလိုဂရုစိုက်ရမယ်ဆိုတဲ့အကြောင်းတွေ သူနာပြုကိုပြောပြနေတဲ့ Yoongiနားရောက်သွားတဲ့ Minarရဲ့အဖေ

"ကျေးဇူးတင်ပါတယ် Min Yoongi ... ပြီးတော့ အန်ကယ်တို့မှားခဲ့ပါတယ်"

"ကိစ္စမရှိပါဘူး ဦးလေး လူနာကယ်ဖို့ဆိုတာ ကျနော့်လို ဆရာဝန်တယောက်တာဝန်ပါ .. ကျနော်ကိုယ်ရေးကိုယ်တာနဲ့ မရောထွေးပါဘူး"

စိတ်ထားကောင်းတဲ့ Yoongiကြောင့် Minarရဲ့ဖခင်က ကျေးဇူးတွေတင်ကာ ခေါင်းငြိမ့်လျက်

"Hyung အဆင်ပြေလား .. ပင်ပန်းသွားပြီ"
Yoongiတို့စကားပြောနေတုန်း အနားရောက်လာတဲ့ Hoseok .. Hoseokမိဘတွေလဲ နောက်ကပါလာကြသည်

"Hoseok~~ "
Yoongi က Hoseokကို ခပ်ဆွေးဆွေးလေးခေါ်တော့ Hoseokက ပြောလေဆ်ိုပြီးကြည့်လာတယ်

Yoongiစိတ်ကိုနားလည်ပြီး သိပ်ချစ်ကြတဲ့ သူတွေကိုဆက်မခွဲချင်တော့တာကြောင့် Minarရဲ့အဖေက ဝင်ပြောတော့သည်

"Yoongi...  ဦးသမီးနဲ့Hoseokက ခုထိလက်မထပ်ရသေးပါဘူး အကယ်၍ မင်းတို့သာဆန္ဒရှ်ိမယ်ဆိုရင် ဦးသမီးနဲ့ Hoseokစေ့စပ်ထားတာကိုဖျက်သိမ်းပြီး မင်းတို့နှစ်ယောက်ကို ဦးကိုယ်တိုင်လက်ထပ်ပေးချင်တယ်"

Minarအဖေရဲ့ စကားကြောင့် Yoongiနဲ့ Hoseokတို့တယောက်မျက်နှာတယောက်ကြည့်မိကြသည် ... Yoongiကတော့ မျက်ရည်လေးတွေဝဲလို့ ... Hoseokလဲ သူ့Hyungကိုပွေ့ဖက်ချင်တဲ့စိတ်ကို ထိန်းမရပဲ ဆွဲဖက်ထားမိလိုက်တော့သည်

Hoseokအဖေ Mr.Jungက သူတို့နှစ်ယောက်ကိုတားရန်သွားပေမယ့် Hoseokအမေက မတားဖို့ဆွဲထားသည်

VITAMIN (Completed)Место, где живут истории. Откройте их для себя