VITAMIN(2✨)

798 109 5
                                    

ဒါလေးကို J-hope sideလေးအနေနဲ့သွားမယ်နော် ^>^
_ _ _ _ _ _ _ _ _ _ _ _ _ _ _ _ _ _ _ _ _ _ _ _ _

Hyg ကျနော့်ရဲ့သကြားခဲလေး နှစ်နှစ်
နှစ်နှစ်ခန့်လောက်ကြာပြီပေါ့နော် ကျနော့်ကို မှတ်မိပါ့မလား...............

လွန်ခဲ့တဲ့ နှစ််နှစ်​ကျော်လောက်က
Jung Hoseok တယောက် Dancerတယောက်ဖြစ်ချင်လို့ ဆရာဝန်ဖြစ်စေချင်တဲ့ မိဘတွေကို ကျောခိုင်းကာ Gwangju ကနေ Seoulကို တက်လာခဲ့သည်

Big hit entertainmentမှာ traineeဆင်းခဲ့သည် Debutခါနီးမှာ အဖေရဲ့ခြိမ်းခြောက်မှုကြောင့်စိတ်ညစ်ခဲ့ရသည်

"မင်း ပြန်မလာရင် မင်းအစ်မရဲ့မင်္ဂလာပွဲကိုမလုပ်ပေးဘူး" ဆိုပြီးတော့ပေါ့

ဘယ့်နှယ့် အသက်ကြိီးပြီး လူကြီးမဆန်ချက်

မိဘတွေထက် အမဖြစ်သူကိုပိုချစ်သည် အမြဲတမ်း ကိုယ့်ဘက်မှာ ရပ်တည်ပေးပြီး ကာကွယ်ပေးတဲ့ အမ ကိုတော့ ဟိုဆော့ချစ်သည်လေ

ဒါကိုသိလို့ သက်သက်နိုင်ကွက်နင်းတာ Debutတာကို လက်လွှတ်မခံနိုင်ပေမဲ့ အစ်မရဲ့ မင်္ဂလာပွဲကိုလဲ အပျက်မခံနိုင်

အဲ့ဒီနေ့ညနေက ဟိုဆော့ စိတ်ညစ်ညစ်နဲ့ ဘီယာဘူးတွေဝယ်ကာ ဟန်မြစ်နားသွားတုန်း

တံတားဘောင်ပေါ်မှာ ယိုင်ထိုးနေတဲ့ ကောင်လေးတယောက် ပြုတ်ကျမှာဆိုးလို့ အမြန်သွားဆွဲလိုက်တော့

"ဘသူ ငါ့လက်ကိုဆွဲထားတာလဲ လွှတ်စမ်း"
ဆိုပြီး ပြန်ရန်တွေ့သတဲ့

ကလေးသာသာရုပ်နဲ့သူ့ကို ပြောနေသောအနှီကောင်လေးအား ကြည့်ပြီး သူမရီပဲမနေနိုင်

ပါးမို့မို့ထက်ပန်းရောင်သန်းနေပြီး မှေးစင်းနေတဲ့ မျက်လုံးက လှပတဲ့ မျက်တောင်လေးတွေဝန်းရံစွာဖြင့်  ပါးလျသောနှုတ်ခမ်းနှင့်အတူ ပြေပြစ်တဲ့ နှာရိုးလေး

တစ်ကိုယ်လုံး ဖြူစုတ်စုတ် အသားရေပိုင်ဆ်ိုင်ထားတဲ့ ထိုကောင်လေးဟာ လှသည် သိပ်ကိုလှပါသည်

ခေတ္တမျှငေးမောမိပြီးနောက်
ကျနော်ပြောမိသည်က
"မင်းရူးနေလား ဘာလို့ ခုန်ချဖို့လုပ်နေရတာလဲ ဘယ်လိုကိစ္စပဲရှိရှိ စိတ်အေးအေးထားပြီးဆုံးဖြတ်သင့်တယ်"

VITAMIN (Completed)Donde viven las historias. Descúbrelo ahora