VITAMIN(7✨)

564 86 14
                                    

"Yoongiက အရမ်းအလုပ်ကြိုးစားတာပဲ
ဒီလိုထူးချွန်တဲ့ဆရာဝန်တယောက်က အန်ကယ်တို့လိုဆေးရုံမှာ ရှိနေတာ တကယ်ဝမ်းသာမဆုံးဘူး"

ဆရာဝန်သုံးလေးယောက်က်ိုဦးဆောင်ကာ Roundလှည့်နေရင်းမှ အောက်ဆုံးထပ် ကောင်တာနား အရောက် ဆေးရုံအုပ် တဖြစ်လဲ ယောက္ခမလောင်းကြီးက သူ့ဘက်လှည့်ကာ ချီးမွမ်းပြောဆိုလာလေလျှင်

Yoongi တယောက် အရှက်ပြေပြုံးပြကာ

"အဲ့လိုလဲ မဟုတ်ပါဘူး
ကျနော်က ဆရာဝန်တယောက်အနေနဲ့ လုပ်သင့်လုပ်ထိုက်တာကို လုပ်ရုံပါ
ပြီးတော့ ဒီလိုလူနာတွေကို အခမဲ့ဆေးကုသပေးစေချင်တာ ကျနော့်အမေ့ရဲ့နောက်ဆုံးဆန္ဒလေ ဒီအလုပ်မှာ ကျနော်ပျော်ပါတယ်

တကယ်တမ်းဆို ဒီဆေးရုံကြီးတခုလုံးနဲ့ ဆရာဝန်တွေ သူနာပြုတွေရဲ့ နေရေးစားရေးအကုန်လုံး တာဝန်ယူထားရတဲ့ ဆေးရုံအုပ်ကြီးကမှ တော်တာပါ"

Yoongiရဲ့ အပြောကို ဆေးရုံအုပ်ကာ သဘောတကျရီကာ ခေါင်းတငြိမ့်ငြိမ့်ဖြင့်

ဒီကောင်လေး Seoulကနေစရောက်လာထဲက Mr.Jung သတိထားမိနေပါသည်

ရုပ်ရည်လေးက ဖြူဖွေးဖွေး ချောချောမောမောနဲ့ ရည်ရည်မွန်လေးနဲ့မို့လေ

တခြားသူတွေနဲ့ ရောရောနှောနှော နေတာမျိုး မတွေ့ရပေမဲ့ ဆေးကုသရာမှာတော့ တော်တော်ထူးချွန်တာမို့ Mr.Jung အတော်လေး သဘောကျမိသည်

အိမ်မှာဆိုလဲ ဒီကောင်လေးအကြောင်းကို ဇနီးဖြစ်သူကို ပြန်ပြန်ပြောပြတတ်သေးတာ

ဇနီးဖြစ်သူက ဆေးရုံကို ထမင်းချိုင့်လာလာပို့ရင်း ဒီကောင်လေးနဲ့တွေ့တဲ့အခါမှာလည်း သဘောတကျရှိလှသည်

Min Yoongiဆိုသည်မှာလဲ ယောက္ခမကြီးတွေကို မြင်တာနဲ့ အပြုံးချိုချိုဖြင့် နှုတ်ဆက်တတ်သည်ကိုး (အမှတ်ယူနေတာ🤭)

"Appa! Appa"

ထမင်းချိုင့်ဆွဲကာ သူတ်ို့ နှစ်ဦးနားအမောတကောပြေးလာတဲ့ Hoseok

"မင်းက ဘာလာလုပ်တာလဲ"

ဖခင်ဖြစ်သူရဲ့စကားကို Hoseokက ထမင်းချိုင့်မြောက်ပြပြီး

VITAMIN (Completed)Where stories live. Discover now