VITAMIN(8✨)

499 86 15
                                    

"ဟိတ်ထတော့လေ ဂွမ်ဂျူကိုရောက်ပြီ"
ဂျောင်ကု သူ့ပခုံးအားမှီအိပ်နေတဲ့ ထိုလူသားလေးရဲ့ပါးကို တို့ကာနှိုးလိုက်တော့

*အားလားလား ပါးလေးကအိစက်နေတာပဲ နမ်းလိုက်ရရင်တော့ကွာ*

အတွေးထက်လက်ကမြန်သော ဂျောင်ကု
Maskကိုချွတ်ကာ ထိုလူသားလေးပါးအားနမ်းလိုက်တော့

*မွှေးလိုက်တဲ့ စတော်ဘယ်ရီနံ့လေး*

သူ့ပါးကို လာထိတဲ့ အထိအတွေ့ကြောင့် ထယ်ယောင်းတစ်ယောက် နိုးလာကာ

"ဟာ ခင်ဗျား ကျွန်တော့ကို အု"
ထအော်တော့မဲ့ ထိုလူသားလေးပါးစပ်ကို ဂျောင်ကု သူ့လက်ဖြင့် အမြန်အုပ်လိုက်ရသည်

ကားပေါ်မှာလဲ ခရီးသည်ဆိုလို့ သူတို့နှစ်ယောက်ပဲ ရှိတော့လို့တော်သေးသည်

ထိုလူသားလေးက မျက်လုံးကြီးပြူးကာ ဝူးဝူးဝါးဝါးလုပ်နေတာကြောင့် အသံမထွက်ဖို့ ပြောပြီး လက်ဖယ်ပေးလိုက်ရသည်

"ဆော ဆောရီး ကိုယ်က~"

"ခင်ဗျား ခင်ဗျားက"

မျက်လုံးလေးပြူးကျယ်ကာ ကျနော့်ကို လက်ညှိုးလေးထိုးပြီးပြောနေပုံက ချစ်စရာလေးဗျာ

ဂျောင်ကု သူ့Maskကို ပြန်တပ်လိုက်ပြီး
"စောနကလေ ပါးလေးကအိလို့ အရမ်းနမ်းချင်လာလို့ နမ်းလိုက်မိတာ အ့တာ"

"အားး ဒါအိပ်မက်လား"

"ရှူး တိုးတိုး"

"ဟီး အပျော်လွန်သွားလို့ ထယ့်လက်ကို ဆွဲဆိတ်ကြည့်ပါလား"

"ဗျာ"

"လုပ်ပါ ဆိတ်ကြည့်ပါ
အ့ နာတယ်ဟ အိပ်မက်မဟုတ်ဘူး ဒါဆို ခင်ဗျားက JKအစစ်ပေါ့နော်"

ပါးစပ်လေးကိုအုပ်ကာ အံ့သြသလိုပျော်နေတဲ့ အနှီပေါက်ကို ကျနော်ခေါင်းငြိမ့်ပြလိုက်တော့ ထဖက်ပါလေရော

"အား ပျော်လိုက်တာ ထယ့်နာမည် ကင်ထယ်ယောင်းပါ
ထယ်က JKရဲ့ဖန်ဘွိုင်းပါ ထယ်လေ JKဆိုတာ ကတာတွေ အရမ်းကြိုက်တာ သိလား
JKရဲ့ Concertတွေဆိုလဲ အမြဲမပြတ်လာတယ် ဒါမဲ့လဲ စင်နဲ့နီးနီးနားနားနေရာဘယ်တော့မှ မရဘူး
JKကို အပြင်မှာတွေ့ဖူးချင်တာ သိလား
JKရဲ့ Fan serviceရတဲ့ သူတွေကို တအားအားကျတာ ပြီးတော့လေ~"

VITAMIN (Completed)Where stories live. Discover now