VITAMIN(13✨)

488 73 10
                                    

အစကမင်္ဂလာဦးကိုကျော်ချသွားချင်ပေမဲ့( + scene) ထည့်ချင်လာတာကြောင့်😁
မှောင်ပေးလိုက်ပါတယ်🙊
အမှောင်မကြိုက်ရင် ကျော်သွားပေးပါ
ဒါမျိုး sceneက ပထမဆုံးပါ လိုအပ်တာရှိရင် တောင်းပန်ပါတယ်

မည်သူ့ကိုမှ ထိခိုက်လိုစိတ်မရှိပါ💗

>>>>>>>>>>>>>>>>>>>>>>>>>>>>>>>

"သားတို့ပြန်လာကြပြီလား"

"ဟုတ်အဖေ"
ယွန်းဂီက ဦးဆောင်ပြီးဖြေလိုက်သည်

"အေးအေး ခြေလက်ဆေးပြီးထမင်းလာစားကြ"

Time skip,

ညအိပ်ဝတ်စုံအဖြူလေးကို လဲဝတ်ထားတဲ့ ယွန်းဂီ ... အိမ်ရှေ့ကွပ်ပျစ်လေးမှာထိုင်ပြီး ကောင်းကင်က ကြယ်လေးတွေကို မော့ကြည့်နေသည်

"Omma နေကောင်းလား ... သားလေ လက်ထပ်ပြီးသွားပြီ .. မနက်ဖြန်သားယောကျာ်းကို အမေ့ဆီခေါ်လာပြပါ့မယ်"

တခြားကြယ်တွေထက် ပိုပြီးလင်းနေတဲ့ကြယ်လေးကို ယွန်းဂီစိုက်ကြည့်နေမိသည်

"သား"

"အာ အဖေ မအိပ်သေးဘူးလား"
ယွန်းဂီရဲ့အဖေက ယွန်းဂီဘေးဝင်ထိုင်ကာ ယွန်းဂီရဲ့ခေါင်းလေးကို ပုတ်ပြီး

"အိုက်ရီဂူး ငါ့သားလေးတောင်အရွယ်ရောက်လာပြီ ... ကောင်းကောင်းကြီးပြင်းလာခဲ့ပေးလို့ အဖေအရမ်းကျေးဇူးတင်တယ်သား ... အခုဆိုရင် ငါ့သားက အိမ်ထောင်သည်တယောက်ဖြစ်နေပြီ .. အဖေအထွေအထူးပြောမနေတော့ပါဘူး .. ဟိုဆော့အပေါ်ချစ်ပေး ဂရုစိုက်ပေးရမယ်နော် သား .. အရာရာကိုယ့်စိတ်ချည်းပဲမတွေးရဘူး"

"သား နားလည်ပါတယ်အဖေ ... သားမှတ်သားထားပါ့မယ်"

ယွန်းဂီပြောတာကို မစ္စတာမင်ကခေါင်းငြိမ့်ပြီး

"ဟင်း ငါ့သားတို့ကို ခန့်ခန့်ညားညား လက်မထပ်ပေးနိုင်တာတော့ အဖေစိတ်မကောင်းဘူးကွယ်"

အဖေ့ရဲ့လက်ပေါ်ကို ယွန်းဂီထပ်ကိုင်ကာ
"သားတို့ ချစ်ခြင်းကို လက်ခံပေးတာကိုပဲ ပြည့်စုံနေပါပြီ အဖေ .. ပြီးတော့ သားနဲ့ ဟိုဆော့အတွက် အ့တာတွေမလိုအပ်ပါဘူး .. သားတို့အချင်းချင်းချစ်ပြီး နားလည်မှုရှိဖို့ပဲလိုတယ် မဟုတ်ဘူးလား အဖေ"

VITAMIN (Completed)Where stories live. Discover now