VITAMIN(5✨)

608 102 4
                                    

ပရဟိတဆေးရုံဖြစ်သည့်အလျောက် လူနာအရမ်းများသည် Seoulမှာတုန်းကထက်ပိုပင်ပန်းတယ်

လူနာတွေထဲမှာ အသက်၅၀ကျော် ၆၀ အဘိုးအဘွားတွေပိုများတယ် သက်ကြီးရောဂါတွေပေါ့

အရမ်းပင်ပန်းသော်လည်း အဘိုးအဘွားတို့ နာကျင်မှုလျော့နည်းပြီး ပြုံးပျော်ကြတာ မြင်ရရင် Yoongiပျော်မိပါသည်

ပရဟိတ အလုပ်ဆိုတာ ဒါမျိုးပါလားဟုတွေးမိသည်

ဒီတစ်ပတ်အတွင်းဂွမ်ဂျူမှာ နေရတာ အသားကျလာပြီဖြစ်သည် အဝေးကလာတဲ့ဆရာဝန်တွေနေနိုင်ဖို့ စီစဥ်ပေးထားတဲ့ တိုက်ခန်းတန်းလျားလေးမှာပဲ Yoongiနေသည်

တန်းလျားလေးဆိုပေမဲ့ အဆင့်မနိမ့် တိုက်ခန်းငယ်လေးတွေလိုပုံစံဖြင့်
တယောက်တခန်းနေကြရသည်

စားဖို့သောက်ဖို့ကလဲမပူရ နေ့တိုင်းအလှူရှင်ရှိသည်

တောရွာလေးဆိုပေမဲ့ နေထိုင်မှုပုံစံမြင့်မားသလို ဖော်ရွေကြသည်

Yoongiစရောက်ထဲကနေရထိုင်ရတာ အကုန်အဆင်ပြေသည်

ဒီဆေးရုံအုပ်က ဒီဆေးရုံရဲ့ပိုင်ရှင်ပဲတဲ့ Yoongiစရောက်တဲ့နေ့တုန်းကတခါတော့ တွေ့ဖူးလိုက်တယ်
နောက်ပိုင်း ကိုယ့်အလုပ်နဲ့ကိုယ်ရှုပ်နေတာ

ဆေးရုံအုပ်က သဘောကောင်းပါတယ် အိမ်အလည်လာဖို့တောင်ခေါ်နေသေးတာ

သဘောကောင်းသလို ချမ်းလဲချမ်းသာတယ်
ဆေးရုံကြီးကို လိုလေးသေးမရှိဖြည့်ဆည်းထားတာ
Yoongiချီးကျူးမိပါသည်

ဒီနေ့က သာမန် ကျန်းမာရေးစစ်ဆေးမှုလုပ်ကြမှာဖြစ်တာကြောင့်

ဆေးရုံကို ရပ်ရွာထဲက ကလေးလူကြီးတွေအကုန်လုံးကော အနီးနားရွာလေးတွေကလူတွေအားလုံး လာကြတာ

ဆိုတော့ Yoongiတို့ အရင်နေ့ကထက် ပိုအလုပ်ရှုပ်တာပေါ့

လူများတော့ နေရာခွဲထားရသည် တချို့တဝက်ကို ဆေးရုံအတွင်းစစ်ဆေးပေးပြိီး

တချို့ကိုကြတော့ Yoongiနဲ့ ဆရာဝန်တချို့က အပြင်ဘက်မှာ ပဲ ခုံတန်းရှည်ကြီးချကာ စစ်ဆေးပေးကြသည်

VITAMIN (Completed)حيث تعيش القصص. اكتشف الآن