VITAMIN(12✨)

434 67 17
                                    

"Yoongi သား!"

ယွန်းဂီရဲ့အဖေ Mr.Min(မစ္စတာမင်ဟုပဲသုံးနှုန်းမည်😁) တယောက် ဝေလီဝေလင်းအချိန်၌ ယာထဲသို့သွားရန် ဒူးခေါင်းလောက်ထိရှည်တဲ့ ဖိနပ်အရှည်ကို စီးကာ ခမောက်ကို ဆောင်းပြီး အနွေးထည်ထူထူအားထပ်ဝတ်နေတုန်း

သူ့အိမ်ရှေ့ကို စိုက်ရောက်လာတဲ့ ကားအနီရောင်ကြောင့် မသွားသေးပဲ စိုက်ကြည့်နေရာကနေ ကားပေါ်ကဆင်းကာ သူရှေ့ရောက်လာတဲ့ သားဖြစ်သူ ယွန်းဂီကြောင့် အံ့သြခြင်းနှင့်အတူ ဝမ်းသာခြင်းတို့ဖြစ်ပေါ်လာရသည်

"ငါ့သားအဖေ့ဆီပြန်လာတာ သား ဝမ်းသာလိုက်တာကွာ"
သားဖြစ်သူရဲ့ ပခုံးကို ဆုပ်ကိုင်ကာ ဝမ်းသာအားရပြောသည်

"ငါ့သားက အဖေ့ကိုအဆက်အသွယ်မလုပ်တော့ စိတ်ပူနေတာ .. ကြည့်စမ်းပါဦး ပိန်သွားလိုက်တာ အစားကော မှန်မှန်စားရဲ့လား"

ယွန်းဂီရဲ့ ဖြူဖွေးပြီး အနဲငယ်အားလျော့နေဟန်ပေါ်နေတဲ့ မျက်နှာကို လက်ဖြင့်စမ်းကာ စိုးရိမ်သလို ပြောတဲ့ Mr.Min

ယွန်းဂီပြုံးကာ သူ့အဖေလက်ပေါ်ထပ်တင်လိုက်ပြီး

"သား ဂွမ်ဂျူကိုရောက်ထဲက အလုပ်တွေအရမ်းများလို့ မဆက်သွယ်ဖြစ်တာပါ အဖေရဲ့ "

"အေးပါကွယ် ~.. ဒါနဲ့သူက ဘသူလဲ? သားသူငယ်ချင်းလား"

ယွန်းဂီရဲ့ ခရီးဆောင်အိတ်ကိုသယ်ကာ သူတို့နားရောက်လာတဲ့ ဟိုဆော့ကို လက်ညှိုးထိုးပြီး ယွန်းဂီအဖေက မေးသည်

ယွန်းဂီ ဟိုဆော့ကိုမော့ကြည့်ကာ ခဏလောက် မျက်လုံးချင်းဆိုင်ပြီးမှ သူ့အဖေဘက်ပြန်လှည့်၍

"သူက သားယောကျာ်း အဖေ ... သားတို့ခိုးပြေးလာကြတာ"

ယွန်းဂီရဲ့ စကားကြောင့် Mr.Min ခဏလောက် ထိတ်လန့်အံ့သြသွားပေမဲ့ သက်မတချက်ချကာ

"ဟင်း~~ ငါ့သားပျော်မှာသေချာရဲ့လား"

ယွန်းဂီရဲ့ ပခုံးအား ပုတ်ကာမေးသည်

"အမေဆုံးတာကို သားသိသိချင်း သူကပထမဆုံးသားရဲ့ရင်ဖွင့်ရာဖြစ်ခဲ့တာ ... သူက သားကို နားလည်ပေးနိုင်တဲ့သူတယောက်ပဲအဖေ "
ဟိုဆော့အားကြည့်ရင်း ယွန်းဂီဖြေရာကနေ သူ့အဖေဘက်လှည့်ကာ

VITAMIN (Completed)Where stories live. Discover now