Part 5

11.8K 810 85
                                    

Unicode

ရေး အိမ်ပေါ်က ဆင်းပီး ဘယ်သွားရမှန်းမသိ
ယောင်လည်လည်နှင့်ဖြစ်နေစဉ်

ဦးနှောက်ထဲမှာ ပေါ်လာတာက အချောလေးတွေ ဖြစ်တဲ့ အမွှာသုံးယောက်...

သူတို့က လေးရာတို့နဲ့ ခွဲနေသောကြောင့်
သူတို့သုံးယောက်နေတဲ့ တိုက်ခန်းတစ်ခု
ကိုသာသွားလိုက်သည်။

သို့သော် တကယ်တန်း ရေးထိုနေရာကို
ရောက်ပီး Bell တီးတော့ တစ်ယောက်မှ
ထွက်မလာသောကြောင့်

*Hello*

*Hello ရေး ဘာဖြစ်လို့လဲ*

*ငါ...မင်းတို့ တိုက်ခန်းရှေ့မှာ ရောက်နေတယ်*

*တီ....*

ရေးပြောပီးသည်နှင့် တုန့်ပြန်ချက်တောင်
မရလိုက်ပဲ တဖက်မှ ဖုန်းကိုချသွားသည်။

ထို့နောက်ရေး မျက်နှာလေးမဲ့ကာ

"ဟင့်...သောက်ကောင်တွေ ပြောတော့ချစ်တယ်ဆိုပီး!အလကား မားရေ ကျတော်အိမ်ပေါ်က ဆင်းလာမိတာမှားပီဗျ....!"

တဖက်မှ ကွန်တို့က ရေး၏အသံလေးကြောင့်
အိမ်သို့ပြန်လာနေစဉ် ဂိတ်မှ ‌လုံခြုံရေး
တစ်ယောက်က

"ခနလေး မင်းတို့ကိုကြည့်ရတာ မူမမှန်ဘူး မူးယစ်ဆေးသုံးထားလား?"

ကွန်တို့ကတော့ ထိုလုံခြုံရေးတွေကို ခနခနပတ်ကာ ဆေးပို့သည့် Mission တွေ ခနခန
လုပ်နေကြမလို့ အဆင်ပြေသည်။

အဆင်မပြေလို့လဲ မရ အဖေတွေမှာ ဂန်းစတား
ကြီးတွေဖြစ်သော်လည်း Dada မှလွဲ၍
ဂရုမစိုက်သော ခမည်းတော်တွေပင်

သားတွေ အချုပ်
ရောက်ပီဆိုရင် လာခေါ်ဖို့နေနေသာသာ
မင်းတို့ကိစ္စမင်းဆို့ရှင်း ဆိုသည့်စကားနှင့်သာ

ဂိုဏ်းကလဲ မင်္ဂလာဆောင်ပီးမှ အပီးအပိုင်
ရမည် ဆိုသောကြောင့် အခုအချိန် မြေအောက်
လောကတွင် အနည်းငယ်သာ လွှမ်းမိုးနိုင်သည်။

လုံခြုံရေးတွေက ကားကိုစစ်နေစဉ်
သောက်ထား၍ အနည်းငယ်
မူးနေသော ပြဿနာကောင် ဏိင်းထက်က

"သုံးတော့မထားဘူး ပါတော့ပါတယ် ဘယ်လောက်ဖိုးယူမလဲ?"

စောက်ကျိုးနည်းဟ!!!

My Husbands Are Shameless (ငါ့ခင်ပွန်းတွေက အရှက်မရှိဘူး!) Oh My Daddy S 2Where stories live. Discover now