Part 20

8.1K 786 222
                                    

Unicode

"ရေးရေး.."

"ဟို...ကျတော်.."

"သူတို့ဖောက်ပြန်တာကို သိရက်နဲ့ငြိမ်နေခဲ့တာပဲ.."

"......"

ရာရာ ရေခရားထဲမှ ရေထည့်ရင်းပြောလိုက်သည်။
ရေးကတော့ ငြိမ်နေဆဲ အင်းလေ
သူလဲစိတ်ထိခိုက်နေမှာပေါ့

ရာရာရေထည့်ထား‌သော ခွက်ကို
ရေးဆီသို့ ကမ်းပေးပုံပြလိုက်တော့
ရေးက ယူရန်လက်လှန်းလိုက်သည်။

*ခွမ်း..!*

ရေခွက်ကို ရာရာတမင် ချခွဲလိုက်သည်။
ဘေးတွင်လဲ အိမ်မွေးခွေးက အဆင်သင့်

ထိုခွေးက ရေခွက်ကျကွဲသွားသည်နှင့်
အောက်တွင် ပေကျန်နေသော ရေများကို
လာလျှက်သည်။

"ဒီရေ‌တွေကို မင်းပိုင်တော့မှာလေ ရေး‌ရေးရဲ့ ဘာလို့မယူတာလဲ"

"ဗျာ.."

ရေး နားမလည်စွာပင် ကြည့်နေ‌လိုက်သည်။

"ဒီရေခွက်ကို ငါမင်းကိုပေးတာ ရေးရေး ကြည့်ပါအုံး ဘာမှမဟုတ်တဲ့ ကောင်က မင်းပိုင်မဲ့ဟာတွေကို ယူနေတယ်..."

(ရေခွက် = အမွှာ , Dog = နှစ် )

ရာရာခွေးကိုကြည့်ရင်း ‌ထပ်ပြောလိုက်သည်။
ရေး ထိုအခါမှ နားလည်ကာ မျက်လုံးလေး
ကလည်ကလည်နှင့် ကြည့်နေတော့
ရာရာက....

"ရေးရေး မင်းပိုင်တဲ့ ဟာတွေကို သူများယူသွားတာ ခံရမခက်ဘူးလား"

ရေး ရာရာပြောတာကို နားလည်သွားသည်။
ခက်ခက်ခဲခဲ အပြုံးတစ်ခုဆင်လိုက်ပီး...

"ခံရခက်တယ် ကျတော့်အပိုင်တွေ ဖြစ်မယ်လို့ ထင်ခဲ့တာ ဒါပေမဲ့ သူတို့က တခြားတစ်ယောက်အပိုင်တွေဖြစ်သွားပီလေ"

"No.......ရေးရေး မင်းတစ်ခါပိုင်ထားရင် တစ်သက်လုံးမင်းအပိုင်ပဲ တခြားသူလက်ထဲရောက်သွားတာ.....မင်းအသုံးမကျလို့"

"ကျတော်ဘယ်လို လုပ်ရမလဲ တကယ်မသိဘူး Daရာ.."

"ပြန်ယူလေ သူတို့ကို မင်းပိုင်တာ ရေးရေး ငါမင်းစေရာ ကိုယ်တိုင် မင်းလက်ထဲကိုထည့်ပေးထားတာ!!"

ရာရာ လေသံမာမာနှင့် ပြောလိုက်သည်။
ဘာလို့ ပျော့ညံ့နေတာလဲ ငါ့သမက်မပီသ
လိုက်တာ...

My Husbands Are Shameless (ငါ့ခင်ပွန်းတွေက အရှက်မရှိဘူး!) Oh My Daddy S 2Where stories live. Discover now