Extra (Flash Back)

7.6K 469 58
                                    

Part 37 (MHS)
Unicode

28 ရက်နေ့ May လ ည11:28 မှာ သူတို့
ကျွန်တော့်အပေါ်ကို ပထမဆုံးအကြိမ် ဖောက်ပြန်ခဲ့တယ်

9 ရက်နေ့ July လ နေ့လည် 3:40 မှာ သူတို့
ဒုတိယအကြိမ် ကျွန်တော့ အပေါ်ကို သစ္စာဖောက်ခဲ့တယ်

အကြိမ်ကြိမ် သစ္စာဖောက်ခြင်းခံရတဲ့ ကျွနိတော့ရဲ့ နှလုံးသားဟာ မသိလိုက်ခင်မှာပဲ
အက်ရာအကြီးကြီးနှင့် ချို့ယွင်းနေခဲ့လေပြီ..

သို့သော် ကျွန်တော်ကိုယ်တိုင် ကွဲအက်နေသော ထိုနှလုံးသားကို မသိချင်ယောင်ဆောင်ရင်း သူတို့ကိုပုံအပ်မိသည်။

သူတို့ကတော့...

"စိတ်မထိန်းနိုင်လို့ ဖြစ်ခဲ့တာ"

ဆိုတဲ့ စကားနှင့် ကွဲအက်နေတဲ့ ကျွန်တော့နှလုံးသားကို ကြွေမွသွားအောင် ပစ်ချရက်ခဲ့သည်။

ကျွန်တော်သည် ရိုးသားစွာ ယောကျာ်းသုံးယောက်အား ချစ်ခဲ့မိသော လူသားတစ်ဦးပင် သို့သော် ပြန်ရခဲ့သည်မှာ သစ္စာဖောက်မှုသာ

#ရေး...

ကျွန်တော်တို့၏ အပြစ်များအတွက် ရေးခြေဖဝါးအောက်တွင် ဝပ်တွားကာ တစ်ဘဝလုံး ခွင့်လွှတ်မှုရရန် ဤသို့ ပေးဆပ်ချင်ပါသည်။

#ကွန်၊နင့်၊ဏိင်း

...My Husbands Are Shameless...

"ရေး ဒီနေ့ မောင်သွားစရာရှိလို့ အိမ်ပြန်နောက်ကျမယ်"

ကွန်က သူ၏ ဖုန်းအားယူရင်းပြောလာသည်။
သူတို့မေ့နေခဲ့တာလား ဒီနေ့ အရေးကြီးတဲ့
နေ့လေ..

"ဘာလို့လဲ ဒီနေ့က ငါ့.."

"‌Party ရှိလို့"

ရေး ပြောလို့မပြီးသေးမီ ဏိင်းက အေးစက်
စွာ ဖြတ်ပြောလာသည်။
နင့်ကတော့ ထွက်သွားတာ ကြာလေပြီ..

"ဒီနေ့..ငါ့ရဲ့မွေးနေ့လေ.."

ရေး သူတို့ထွက်သွားတော့ သက်ပျင်းလေး
တစ်ချက်ချကာ ပြောလိုက်သည်။
သူတို့ဘာလို့ ပြောင်းလဲကုန်တာလဲ?

ကျလုဆဲဆဲ မျက်ရည်တွေကို သက်ဖြင့်ဖိ
သုတ်လိုက်ရင်း ဖယ်ရှားလိုက်သည်။
သူတို့ မေ့နေလို့ပဲ ဖြစ်မှာပါ တစ်ခါတလေ
‌‌မေ့တတ်တာပဲလေ..

My Husbands Are Shameless (ငါ့ခင်ပွန်းတွေက အရှက်မရှိဘူး!) Oh My Daddy S 2Where stories live. Discover now