Part 35(MHS)
Unicode"သခင်ကြီး သခင်လေးတို့ နိုးလာပါပြီ!"
ရာရာ ထိုအသံကြားသည်နှင့် မပြေးရုံ
တမယ် အမြန်ပင် ဆေးရုံသို့သွားလိုက်သည်။အခန်းထဲ ရောက်တော့ ဏိင်းက
ဆေးပိုက်များကို ဆွဲဖြုတ်နေသည်။နင့်ကတော့ ဘေးမှ တပည့်၏ လက်ကို
လိမ်ချိုးကာ တခုခုလိ့မ်ခြောက်နေပုံ..အေးစက်စက်နှင့် ကွန်ကတော့ ငြိမ်သာ
နေသည်။တော်တော်တော့ ဒေါသထွက်နေပုံ"Hello My Sons"
ရာရာ လက်ပိုက်ရင်း ပြုံးကာ ပြောလိုက်
တော့ သူတို့၏ လှုပ်ရှားမှုတွေ အကုန်
ရပ်သွားသည်။"ရေး...ဘယ်မှာလဲ?"
ကွန်ကအရင် အေးစက်စွာ မေးလာသည်။
ထို့နောက် ဏိင်းကလဲ ရာရာ့အနားသို့
ပြေးလာပြီး.."Dada ရေးရော.!"
"မသိဘူး...."
"ဘာ!!"
နင့်၏ အာမေဋိတ် အသံကြီးထွက်လာသည်။
"ရေးက မင်းတို့ကို မတွေ့ချင်ဘူးတဲ့"
"မ...ဖြစ်နိုင်တာ.."
ကွန်က အားများစုတ်ယုတ်သွားသလို
အနောက်သို့မှီချကာ မျက်ရည်များဝေ့ရင်း
ပြောလာသည်။နင့် ကတော့ သူ၏နေရာတွင်သာ
ဒူးထောက်လျှက် မျက်နှာကို လက်ဖြင့်အုပ်ကာ ငိုနေသည်။ဏိင်းကတော့ ထုံးစံအတိုင်း ဘေးမှ ပစ္စည်း
များကို ရိုက်ခွဲရင်း အော်နေသည်။"ဆိုတော့ ဒါက ဖောက်ပြန်ပြီးမှ နောင်တရသွားတဲ့ ကောင်လေးတွေပေါ့"
ရာရာ ကုတင်စောင်း တစ်လျှောက်
လက်သည်းဖြင့် တတောက်တောက်
လုပ်ရင်း ပြောလိုက်သည်။"ရေး..ကို တွေ့ချင်တယ် ရေးက ကျွန်တော်တို့ သေပေးရင် ကျေနပ်မယ်လို့ ပြောခဲ့တာ
အဲ့လို တကယ်ပြောခဲ့တာ.."
နင့်ကလဲ စိတ်လွတ်ပြီး သူ့ကိုသူပြန်
ရိုက်ကာ ညှဉ်းဆဲရင်း ပြောလာသည်။"ငါ့ကိုကြည့်စမ်း ဘေဘီ!!"
"ရေးက..ကျွန်တော်တို့ကို စိတ်ဆိုးနေသေးတယ်..ရေးကို တောင်းပန်ရမယ်...Dada..ရေးကို တွေ့ချင်တယ်"
YOU ARE READING
My Husbands Are Shameless (ငါ့ခင်ပွန်းတွေက အရှက်မရှိဘူး!) Oh My Daddy S 2
Romanceအရှက်မရှိတဲ့ ယောကျာ်းသုံးယောက်နဲ့ ရေးလေးရဲ့ ဇာတ်လမ်းပါ If you want read this fic you should read Oh My Daddy first cuz that's S 1 and My Husbands Are Shameless is S2