Part 17

7.5K 592 246
                                    

Part 17(MHS)
Unicode

ရေးထွက်သည် အထိ နင့်‌‌ဒီအတိုင်းရပ်
နေမိတုန်းပင်....
နောင်တ...ရတယ်တဲ့လား?

နင့်ရေး နောက်ကိုအမြန်ပြေးလိုက်သွား
မိသည်။
ဘာလဲ..အခု ရေးကိုဆုံးရှုံးရတော့မလို
ခံစားချက်ကြီးက နာကျင်လိုက်တာ..

"ရေး!"

ရေး နာမည်ကို ခေါ်ရင်း လက်ကို
ဆွဲလိုက်တော့ ရေးကသူ့အား ရွံရှာသော
မျက်လုံးများဖြင့် ကြည့်လိုက်သည်။

"လွှတ်စမ်း!!"

ရေးအား သူ့အားစူးစိုက်ကြည့်ရင်း
ပြောလာသည်။

"ရေး...မောင်တောင်းပန်ပါတယ်."

နင့် ဒူးထောက်ကာ ရေး‌ခြေထောက်အား
ဖတ်ရင်း ပြောလိုက်သည်။
သို့သော်....

"မင်းရဲ့ရွံစရာကောင်းတဲ့ လက်တွေနဲ့ ငါ့ကိုမထိနဲ့.."

နင့် အားများ စုပ်ယူခံလိုက်ရသလိုပင်
အားပျော့သွားသည်။
ရေးကတော့ သူ့ကို တစ်ချက်တောင်မကြည့်
သူလွှတ်ပေးလိုက်သည်နှင့်

Taxi ငှားကာ ထွက်သွားသည်။
ဘာလို့များ ဒီလိုတွေ လုပ်ခဲ့မိတာလဲ

ဘာလို့များ ရေးကိုလက်လွှတ်မိတာလဲ
တစ်ခြားသူအတွက်နဲ့ ဘာလို့များ ပစ်ချ
ခဲ့မိတာလဲ

"ရေး....ရေး....မောင့်ရဲ့ရေး. တကယ်တောင်းပန်ပါတယ်ကွာ.."

နင့် ထိုနေရာတွင်သာ ဒူးထောက်ရင်း
ရပ်နေမိသည်။
နှစ် က နင့်အား ခေါ်ရန်လုပ်သော်လည်း
အထိပင်မခံ...

ဘာလို့ဒီလိုတွေ ဖြစ်နေကြတာလဲ
ခုနကအထိ အဆင်ပြေနေတာကို
တောက်..!တော်တော်ဒုက္ခပေးတဲ့ လူ
သေမှအေးမှာ!

နှစ် ရေးအား ကျိန်ဆဲလိုက်သည်။
အဲ့လူသာမရှိရင် သူရသင့်တာတွေ အကုန်
ရနေမှာ...

ဏိင်းနှင့် ကွန်ကလဲ မနေ့ထဲက
နှစ် အား အကပ်မခံတော့ပဲဘရှောင်နေကြသည်။

....My Husbands Are Shameless....

"MD ဒီနေ့  CEO အသစ်လာမှာသိလား"

"ဟုတ်လား"

"ဟုတ်တယ် မနေ့ကမှ ဒီ Company ကိုဝယ်လိုက်တာတဲ့လေ.!"

"အော်..."

ရေး ဘေးတွင် ပြောနေသော
ဝန်ထမ်းမလေးစကားကို တုန့်ပြန်မှုသာ
ပေးပြီး အာရုံမစိုက်ခဲ့။
အာရုံစိုက်စရာမှမလိုတာ သူ့ကိစ္စလဲမဟုတ်ဘူး။

My Husbands Are Shameless (ငါ့ခင်ပွန်းတွေက အရှက်မရှိဘူး!) Oh My Daddy S 2Where stories live. Discover now