Part 16

7.3K 605 320
                                    

Part 16(MHS)
Unicode

ဏိင်း ရေးပြောသည့်စကားများကို
သေချာပြန်စဉ်းစားကို ငိုင်နေမိသည်။
တကယ်ပဲ သူ့မျက်ရည်တွေမြင်ရတာ
နေရခက်လိုက်တာ....

"‌ကိုကို...."

ဘေးမှ နှစ်၏ ခေါ်သံကြောင့် လှည့်ကြည့်
လိုက်သည်။
နှစ် က သူ၏ပေါင်ပေါ်သို့ လာထိုင်တော့
နှစ်၏ ခါးအားပြန်ဖက်ထားလိုက်သည်။

ရေး၏အနံ့သင်းသင်းလေးနှင့် မတူပဲ
ပြင်းရှရှ ရေ‌မွှေးနံ့သာ....

"ကိုကို သူ့ကို မမေ့သေးဘူးလား..?"

နှစ်က ဏိင်း အားကြည့်ရင်း မေးလာတော့
ဘာမှပြန်မဖြေမိ ရေးကိုပြန်လိုချင်တယ်
ရေးနဲ့အတူတူရှိချင်တယ် ဒါပေမဲ့
ရေးက ဆိုးတယ် သူတို့ကိုနားမလည်ဘူး...

ဒီတိုင်းလေးပဲ ဒီတိုင်းလေးပဲ နေလို့ရတာကို
ဘာ‌လို့ ပြဿနာတွေရှာနေတာလဲ..
ရေးကိုပြန်လိုချင်သည်။သို့သော်
အဆင်မပြေသော Marriage ကိုတော့
မလိုချင်။

"ကိုကို...နှစ်ပြောမယ် ကိုကိုတို့က သူ့ကို ငယ်ငယ်ထဲက သံယောဇဉ်တွယ်ခဲ့လို့ ချစ်တယ်လို့ထင်နေတာ

သူလဲအဲ့လိုပဲလေ ကိုကိုတို့ကိုမချစ်လို့ ဂရုမစိုက်တာပေါ့ အခုတောင်

သူတစ်ခြားတစ်ယောက်နဲ့ တွဲနိုင်နေတာပဲ ကိုကိုကဘာဖြစ်‌နေတာလဲ ဘာလဲ နှစ်ကိုမချစ်တာလား..."

"မဟုတ်ပါဘူး"

"ဒါဆိုပြော နှစ်နဲ့သူနဲ့တစ်ခုခုဖြစ်ရင် ဘယ်သူ့ကိုအရင်ကယ်မှာလဲ"

နှစ်က သူ၏မူပိုင်နှုတ်ခမ်းလေးကို
ရှေ့သို့ထော်ကာ မေးလာသည်။
ချစ်စရာကောင်းတဲ့ နှစ်က သူတို့၏
အကျင့် သူတို့၏ အလိုကိုလိုက်ပေးသည်။

"ဖြေလေ ကိုကို...!"

"နှစ်...ပဲပေါ့"

ထိုအဖြေကို တစ်စံတစ်ဦးကြားခဲ့သည်
ရှိသော် ထိုလူဘယ်လောက်နာကျင်ရမလဲ
တိုင်းဆလို့ပင်မရ....

(သိတယ်မလား "တစ်စုံတစ်ဦး" ကို 😞)

"ဒါဆို နှစ်ကို ချစ်တယ်ပေါ့"

"အင်း ချစ်တယ်"

ပေါ့ပျက်ပျက်ပြောထွက်ခဲ့သော ဏိင်းသည်။
သူ၏ အပြစ်အားမသိပဲ အမှားကိုဆက်
လုပ်ဆဲပင်....

My Husbands Are Shameless (ငါ့ခင်ပွန်းတွေက အရှက်မရှိဘူး!) Oh My Daddy S 2Where stories live. Discover now