Part 10

9.1K 578 77
                                    

Unicode

ရေးတို့ အိမ်ပြန်လာတော့ ဧည့်ခန်းထဲတွင်
ထိုင်နေသော နှစ်ယောက်နှင့်
Ziv ကျောက်ရုပ်အတိုင်းပင် အခြေအနေကို နားလည်သောကြောင့်

အခုချက်ချင်း ဦးနှောက်ကို အမြန်အလုပ်လုပ်စမ်း ငါဘာလုပ်မိတာလဲ??
ရေးစဉ်းစားနေတုန်း Zill က ရေးအနားကို
တွန့်ဆုပ်တွန့်ဆုပ်နှင့်လာသည်။

"ရေး...ငါတို့သေတော့မယ် ထင်တယ်"

"ဟမ်???ငါတို့ဘာလုပ်မိသေးလဲဟင်"

ရေးအသံကျိတ်ကျိတ်နှင့် မေးလိုက်တော့
Ziv ကလဲ အသံကျိတ်ကျိတ်နှင့်
ပြန်ဖြေသည်။

"မင်း ဦးလေး ကိစ္စကိုသိသွားတာလေ ကြိုပြောမထား..."

"ရေး!!"

ဒေါသထွက်လွယ်သော ဏိင်းကအရင်
ရေးကိုခေါ်လိုက်သည်။

"သေပီ ငါတို့တော့ သေပီ"

Ziv ကရှုံ့မဲ့သော မျက်နှာနှင့် ပြောလာသည်။

"အကောင်းဖက်က တွေးစမ်းပါ!"

"ငါတို့ ထာဝရအိပ်စက်ရတော့မယ်"

အထစ်ထစ် အငေါ့ငေါ့နှင့် ပြောသော Ziv
စကားကို လျစ်လျူကာ စိတ်တိုနေသော
ဏိင်းအနားသို့ သွားလိုက်သည်။

"ဘာဖြစ်လို့လဲ မောင်ရဲ့ စိတ်တိုနေတဲ့ပုံပဲ"

"ခဗျား ဘိုးတော်ကြီးတစ်ယောက်နဲ့ ဆက်သွယ်နေတယ် ရှင်း အဲ့တာကို ရှင်း!"

"အဲ့တာ ငါ့ဦး..."

"ဘာ!!ဘာဦးလဲ သေခါနီးဘိုးတော်ကြီးကို ရေးသူနဲ့ကြိုက်နေတာလား!"

နင့်ကလဲ Laptop ကိုပစ်ချကာ ပြောလာသည်။
ရေးလဲ စိတ်တိုသွားပီ အဲ့တာကြောင့်

စောက်ကလေးတွေကို မကြိုက်ချင်တာ
သူတိူ့စိတ်ထဲဘာတွေးနေလဲ စဉ်းစားကို
မရတာ!

"အဲ့တာ ငါ့ဦးလေး မင်းအမျိုးကွ ဘယ်တော့မှ တစ်ခုခုပြောမယ်ဆိုဘရှေ့နောက်ကို မလွတ်ဘူး ငါဟာငါရည်းစားထပ်ထားချင်လဲ ထားမှာ မင်းတို့နဲ့ ငါနဲ့ ပြတ်....အဲ ကွာရှင်းမယ်!"

"ရေး!!...."

"ငါ့....ငါ့ကို....အခုအော်...လိုက်တာလား??"

My Husbands Are Shameless (ငါ့ခင်ပွန်းတွေက အရှက်မရှိဘူး!) Oh My Daddy S 2Where stories live. Discover now