Part 6

10.3K 800 163
                                    

Part 6(MHS)

"မြန်မြန်...လုပ်...မြန်မြန်...အဲ့မှာ...အဲ့နားလေး"

"ဒီနားလား..."

ရေး အားသွန်ခွန်စိုက် လုပ်ရင်း မေးလိုက်သည်။

"အေး....အ့...ဖြည်းဖြည်းလုပ်ဟ....ပြဲကုန်တော့မှာပဲ!"

"ပြဲလဲ အသစ်ဝယ်ပီး ကပ်လိုက်လို့ရပါတယ်ကွာ"

"ဟာ အသစ်နဲ့ original နဲ့တူမလားဟ!"

ယခုအ‌‌ခြေအ‌နေမှာ ရေးနှင့် Ziv ‌တို့ အိမ်၏ ကြမ်းပြင်တွင်
ပေနေသော အရာများကို သေချာတိုက်ချွတ်နေခြင်းပင်

(မမှောင်နဲ့နော် မှောင်ဖို့ကလိုသေးတယ် 😂)

"ဟင်းးးငါ အစေခံနဲ့တောင်တူနေပီ"

ရေးအခန်းဘေးရှိ မှန်အားကြည့်ကာ ပြောလိုက်သည်။
ထို့နောက် ထပ်၍ပြုံးကာ

"ဒါမဲ့ ဘယ်အစေခံကတော့ ဒီလောက်ချောမှာလဲ"

ဟုပြောရင်း လုပ်စရာရှိတာဆက်လုပ်လိုက်သည်။

...My Husband Are Shameless...

"မင်း သူတို့ကို မချစ်ဘူးလား?"

ယခုမှာ ရေးအိမ်ပေါ်က ဆင်းလာပီး လင်လောင်းတို့၏

အိမ်တွင်ကပ်နေရင်း ပျင်းလာသဖြင့်
ziv ဆီသို့သွားကာ အခန်းကူရှင်းပေးပီး‌ နောက်စာကြောင်းပေကြောင်းများ
ဆွေးနွေးနေခြင်း

"မချစ်တာတော့ မဟုတ်ဘူးကွ အမှန်အတိုင်းပြောရရင် ငါ

ရိုမီယိုနဲ့ ဂျူးလိယက် လီယိုနဲ့ ကိတ်ဝင်းစလက် ရှင်မွှေးလွန်းနဲ့ မင်းနန္ဒ ဇာတ်လမ်းတွေ

ကြည့်ပီး အသိတစ်ခုရခဲ့တယ်"

"ဘာ အသိလဲ?"

အတိတ်တွင် ယောက်ဖလောင်းကြီး ဖြစ်ခဲ့သော
Ziv က ရေး၏ ရူးကြောင်ကြောင် အဆိုကို

စိတ်ဝင်တစား နားထောင်ပေးသော
ပေါကြောင်ကြောင် သူငယ်ချင်းတစ်ယောက်
ပင်။

"ချစ်မိရင် သေတတ်တယ် ဆိုတဲ့ အသိ မင်းပြောကြည့် ငါပြောတဲ့ သူတွေထဲမှ မသေတဲ့လူရှိလား"

(ကိုယ်တွေ ရည်းစားမရတာမဟုတ်ဖူး သေမှာကြောက်လို့ မထားတာ 🤭🤘🏿)

My Husbands Are Shameless (ငါ့ခင်ပွန်းတွေက အရှက်မရှိဘူး!) Oh My Daddy S 2Where stories live. Discover now