Unicode
"ရေး....ကျွန်တော် လိုက်ပို့မယ်"
"မလိုဘူး ငါ့မှာ ကားပါတယ်"
"နေဦး.....ရေး.!.."
"ဒီမှာ ငါတစ်ခါထဲ ပြောလိုက်ဦးမယ် မင်းတို့ဒီလိုတွေ ငါ့ကိုပြန်လိုချင်လို့
လုပ်နေတာဆိုရင် ငါ့ဆီကဘာမှရမှာ မဟုတ်လို့ လက်လျှော့လိုက်"
ရေး ပြောလိုက်တော့ ကွန်ကပြုံးရင်းပင်
"ကျွန်တော်က ရေးကိုလိုချင်တာ မဟုတ်ဘူး ရေးအချစ်ကို လိုချင်တာ"
"သေလိုက်လေ"
ခပ်ဆက်ဆက်လေး ပြောလာသော
ရေးကို အတော်ပင် အသည်းယားသည်။
ရေးက ချစ်စရာကောင်းလို့ကို ပြန်လိုချင်မိတာ..အရေးမပါသော စကားတွေ မပြောချင်
တော့သောကြောင့် စကားကို သူ့ဘက်မှ
စ၍ဖြတ်ကာ ထိုနေရာမှ ထွက်လာခဲ့သည်။ရေး Company မှ ထွက်ထွက်ခြင်း
ကွန်နှင့် တွေ့သောကြောင့် ရှောင်ချင်သော်လည်း မရသောကြောင့်လူစိတ်မရှိသော သူကြောင့်
အချိန်တော်တော်တောင် ကုန်သွားသည်။နောက်ဆုံး တွေ့သည့်နေ့မှ တစ်ပတ်
လောက်ကြာတော့ သူတို့အတော်ပင် ပြောင်း
လဲသွားကြသည်။ရုတ်တရက်ကြီး ပြောင်းလဲ သွားတာကတော့
လုံးဝ ယုံချင်စရာမရှိ..ဟန်ပြပဲလား တကယ့် ခံစားမှုလားတော့မသိ...
သို့သော် ကျွန်တော် အမှန်အတိုင်း ဝန်ခံရမည်
ဆိုလျှင် သူတို့ကိုချစ်သေးသည်။ရေးကို စိတ်ညစ်အောင်လည်း မလုပ်သလို
သူတို့စိတ်ကိုလဲ အတော်ပင် ထိန်းလာကြသည်။နှစ်ကိုလဲ အခုတလော သူတို့နှင့် မတွေ့မိပေ။
တစ်ခါ သုံးယောက် အတူတူလာတော့
ဆရးက စိတ်ရှုပ်တယ်ဟု ပြောလိုက်
သောကြောင့် သူတို့ရက် သတ်မှတ်ပြီးသာ
လာကြသည်။ရေးကို အရုပ်အတိုင်း ကစားနေကြသလို
ဟိုလူယူဆော့လိုက် ဒီလူယူဆော့လိုက်
နောက်အရုပ်ရလာရင် ထပ်ပစ်လိုက်နဲ့ပေါ့..လိုအပ်ရင် ရေးကို ခေါ်ပြီးကစားတယ်
ပျင်းသွားရင် နောက်အရုပ်အသစ်
ယူအုံးမှာပဲ......
YOU ARE READING
My Husbands Are Shameless (ငါ့ခင်ပွန်းတွေက အရှက်မရှိဘူး!) Oh My Daddy S 2
Romanceအရှက်မရှိတဲ့ ယောကျာ်းသုံးယောက်နဲ့ ရေးလေးရဲ့ ဇာတ်လမ်းပါ If you want read this fic you should read Oh My Daddy first cuz that's S 1 and My Husbands Are Shameless is S2