Part 31

6.2K 532 72
                                    


Unicode

"တီ...."

"သတိရပြီလား?"

"ကျွန်..တော်.."

နှစ် သူ၏ ခန္ဓာကိုယ်အား သူပြန်ကြည့်
ရင်း အံ့ဩသွားသည်။

ကိုကိုတို့ လုပ်ခဲ့ပြီး မသက်မရပ်
ဖြစ်နေသော ခွဲကြောင်းကြီးမှာ သေချာသပ်သပ်

ရပ်ရပ် ဖြစ်ပြီး အနာကလဲ အတော်ပင်
ကျက်နေပြီ...

"ဒီမှာ နင့်ဗိုက်ထဲက အထုတ်တွေ"

‌ရွှေအင်ကြင်း နှစ်ဆီသို့ ဆေးထုတ်များ
ပစ်ပေးရင်း ပြောလိုက်သည်။

နှစ်ဗိုက်ကို ခွဲလိုက်တော့ အညံ့စား
ဆေးထုတ်များစွာတွေ့ရသည်။

ကံကောင်းသည်က ထိုအထုတ်‌‌တွေ
တစ်ခုမှ ဗိုက်ထဲတွင် ပေါက်မသွား..

"သူတို့ နှစ်ကို ဒီလိုလုပ်ရက်ခဲ့တယ် တီ..."

"သူတို့က နင့်ကိုတကယ်ချစ်တယ် ထင်နေတာလား? Two.."

"မထင်ခဲ့လို့ပေါ့ ဒါနဲ့ ဖေဖေ ဒီကိစ္စ သိသွားသေးလား?"

"မသိသေးဘူး သူမြန်မာနိုင်ငံမှာ Meeting တက်ဖို့ရှိတယ်ဆိုပြီး ထွက်သွားတာ မကြာသေးဘူး"

"အိုး...ကပ်သီလေးပဲ"

"နင့်အဖေ သိရင် ငါလဲ တားနိုင်မှာ မဟုတ်ဘူး Two ဒီကိစ္စဖြတ်လိုက်တော့ နင်မလုပ်နိုင်ရင်.."

"မလိုဘူး တီလေး နှစ်သူတို့ဆီက လိုချင်သလောက် Amount မရသေးဘူး"

နှစ် လက်ညှိုးနှင့် လက်မကို သုံးကာ
အဝိုင်းပုံလုပ်‌ပြရင်း မဲ့က ပြောလိုက်သည်။

ဗိုက်က ဒဏ်ရာက နာနေသောကြောင့်
ကြာကြာထိုင်ရန်တော့ ခက်ခဲနေသည်။

"နင်လုပ်ချင် သလို လုပ်."

ရွှေအင်ကြင်း ပြောပြီး နှစ်အနားမှ
ထွက်လာခဲ့သည်။

ငါပြန်လုပ်ပြမယ် မင်းစေရာ ငါခံစားရသလို
ခံစားစေရမယ်..

.###

"Hi ကိုကိုတို့.."

နှစ်ကို မြင်တော့ သုံးယောက်လုံးက
မအံ့ဩသလိုပင်...

အင်းလေ သူတို့မှ သေအောင် မလုပ်ခဲ့တာ
အသက်ရှင်မှာပေါ့ ဒါအံ့ဩစရာလား?

My Husbands Are Shameless (ငါ့ခင်ပွန်းတွေက အရှက်မရှိဘူး!) Oh My Daddy S 2Nơi câu chuyện tồn tại. Hãy khám phá bây giờ