Part 32

6.5K 547 62
                                    

Part 32(MHS)

ရေး Mr.Felox ဆီမှ ပြန်ထွက်လာပြီး
အိမ်သို့ပြန်လာခဲ့သည်။

အိမ်ရောက်တော့ အမွှာသုံးယောက်က
စိုးရိမ်ပူပန်မှု များစွာဖြင့် ထိုင်စောင့်
နေကြသည်။

သူတို့ကိုပြောခဲ့တာက 10 နာရီလောက်
ပြန်ရောက်မယ်လို့ ပြောထားတာ

"ရေး..!"

ရေးကို မြင်တော့ ဏိင်းက သူ၏
ခြေတံရှည်ကြီးများကို သုံး၍
ဘေးသို့ တန်းရောက်လာသည်။

"ဘာလို့ နောက်ကျနေတာလဲ တစ်ခုခုဖြစ်ခဲ့တာလား?"

နင့်ကလဲ စိုးရိမ်ပူပန်စွာ ရေးမျက်နှာ
ကို ကိုင်ရင်းမေးလာသည်။

"ဘာမှ...မဖြစ်ပါဘူး"

ရေး မျက်နှာလေး ငယ်ရင်းပြောလိုက်သည်။
မျက်နှာပေါ်မှ အနည်းငယ်၏စိုနေသေးသော
ဝိုင်များကိုလဲ အနည်းငယ်သပ်ချရင်း...

"ဘယ်သူလုပ်လိုက်တာလဲ?"

အေးစက်စက် မျက်နှာဘေးပေးကာ
စိုက်ကြည့်ရင်း မေးလာသူကကွန်..

"ဒီနေ့ VIP ဧည့်သည်က နှစ် အဖေဖြစ်နေတယ် သူက ငါ့ကိုမကျေနပ်လို့ ဒီလို...."

"ဘာ..!"

အရင်ဆုံး ဒေါသသံစွတ်နေသော
အာမေဋိတ် အသံနက်ကြီးက  နင့်ဆီမှ
အရင်ထွက်လာသည်။

"ဘာမှ ပြန်မလုပ်ခဲ့ဘူးလား ဟမ်!အဲ့လူကို သတ်ခဲ့ရမှာလေ ရေး!"

"ငါသူ့ကို မသတ်နိုင်ဘူး သူ့အင်အားကို ငါမမှီဘူး ပြီးတော့ နှစ်ကိုရောပဲ..."

နောက်ဆုံးတွင် အသံလေး တိမ်ဝင်သွားသော
ရေးပုံလေးကို ဘေဘီတို့ကတော့
အမှန်အကန် သနားနေလိမ့်မည်။

သူတို့က ရေးကို ဒီလိုသိမ်ငယ် စေတဲ့
စိတ်ကြီး ဝင်စေမိတာပဲ....

ထို့နောက် ကွန်က သူ့အတွင်းရေးမှူးကို
ခေါ်ကာ

"Felox ပိုင်တဲ့ စီးပွားရေးတွေ အကုန်ဖျက်ဆီး ပိုင်ဆိုင်မှာ တစ်ခုမှ မကျန်စေနဲ့"

"ဟုတ်ကဲ့ သခင်လေး"

သေပြီ Mr.Felox ခဗျား‌တော့ သေပြီပဲ

"သွားရအောင် ရေး"

"အင်း"

ကွန် ကရေး လက်ကို လာဆွဲကာ
Airplane ပေါ်သို့ အရင်ခေါ်သွားသည်။

My Husbands Are Shameless (ငါ့ခင်ပွန်းတွေက အရှက်မရှိဘူး!) Oh My Daddy S 2Where stories live. Discover now